အာဏာသိမ်းစစ်ကောင်စီက ကေအဲန်ယူ – မူတြော်ခရိုင်အတွင်းကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၁၃၊ ၂၀၂၂
ကေအဲန်ယူ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ဝေါ်မူကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာထဲကို
ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်လောက်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ် ၂ စင်းနဲ့ ဗုံး ၄ လုံး လာရောက် ကြဲချသွားတယ်လို့ KNU သတင်းအရ သိရပါတယ်။
ဒီလို အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့ရာမှာ အဆောက်အဦ ၅ လုံး ထိမှန်ပျက်စီးခဲ့တဲ့အပြင် ပြည်သူ ၁ ယောက် ထိမှန်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU သတင်းမှာ ဖော်ြပထားပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Photo Credit – 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻