အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကချင်လွတ်လပ်ရေး အဖွဲ့(KIO/KIA) နဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
ဖေဖော်ဝါရီ ၅ ၊ ၂၀၂၂
အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအ တွက် ဦးတည်ဆောင်ရွက်နေတဲ့ ကချင်လွတ် လပ်ရေးအဖွဲ့(KIO/KIA)နဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တစ်သမတ်တည်း ရပ်တည်ပေးနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ကချင်အမျိုးသားခေါင်း ဆောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစဉ်အမြဲသတိတရကျေးဇူးတင်ရှိလျက်ရှိပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်နေတဲ့ အနာဂတ် မြန်မာ နိုင်ငံသစ်ထူထောင်မယ့် တော်လှန်ရေးခရီးမှာ အမြဲလက်တွဲကာ အောင်ပန်းဆွတ်ခူးတဲ့အထိ အတူတကွ ဆက်လက်ဆင်နွှဲကြပါစို့ လို့ တိုက်တွန်းဖော်ပြေထားတာတွေ့ရပါတယ်။
နှစ်ပေါင်း (၆၁) နှစ်အတွင်း အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အတွက် တိုက်ပွဲဝင်ရင်း စွန့်လွှတ်စွန့်စား အ သက်ပေးသွားကြတဲ့ ကချင့်တော်လှန်ရေး ရဲဘော်တွေနဲ့ ကချင့်အာဇာနည်တွေကိုသာမက တော်လှန်ရေးကာလတစ်လျှောက် အ နှစ်နာခံပေးဆပ်ခဲ့ကြတဲ့ မိသားစုဝင်တွေနဲ့ ကချင်ပြည်သူလူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုပါတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ခေတ်အဆက်ဆက်အာဏာရှင်တွေရဲ့ သတင်းအမှောင်ချမှု၊ ရည်ရွယ်ချက်ရှိရှိ မှားယွင်းတဲ့ဝါဒဖြန့်မှုတွေကြောင့် တိုင်းရင်းသားတွေ ရဲ့ လက်နက်ကိုင်တော်လှန်မှုကို အဖျက်အမှောင့်လုပ်ရပ်အဖြစ် ရှုမြင်ခဲ့ကြတဲ့ ပြည်မနေ ဗမာလူထုအများစုက ယခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မျက်မြင်ကိုယ်တွေ့ ခံစားနေရချိန်မှာ တိုင်းရင်းသားတွေရဲ့ နစ်နာမှုကို ကွက်ကွက် ကွင်းကွင်း သိမြင် ကိုယ်ချင်းစာလျက်နေကြပြီလို့လည်း ဆိုထားပါတယ်။
ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရတဲ့အတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင်ကာ လက်နက်ကိုင် တော်လှန်လာခဲ့ကြတဲ့ ကချင်တော်လှန်ရေးရဲ့ (၆၁) နှစ်မြောက် နေ့မြတ်က နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။