အာဏာနေရာ တည်မြဲဖို့ အောက်ခြေကို မငဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်ကို ရှေ့တန်းရောက် ရဲဘော်တွေ မကျေနပ်ကြဘူးလို CDM စစ်သားပြော

အာဏာနေရာ တည်မြဲဖို့ အောက်ခြေကို မငဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်ကို ရှေ့တန်းရောက် ရဲဘော်တွေ မကျေနပ်ကြဘူးလို CDM စစ်သားပြော
ဇူလိုင် ၂၂ ၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သူအာဏာတည်မြဲရေးအတွက် အောက်ခြေကို မငဲ့ဘဲ လုပ်ဆောင်နေတယ်ဆိုတာနဲ့ ရှေ့တန်းရောက် စစ်သားတွေက မင်းအောင်လှိုင်ကို မကျေနပ်ကြဘဲ ဆဲဆိုနေကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ရောက်ရှိနေတဲ့ CDM စစ်သား ဒုတပ်ကြပ် ကျော်နိုင်စိုး က ပြောပါတယ်။

လေးကေ့ကော်ဒေသ ရှေ့တန်းစစ်မြေပြင်ရောက်နေတဲ့ အမှတ် (၂၀၇) ခြေမြန်တပ်ရင်း က ထွက်ပြေး ကာ CDM ပြုလုပ်လာတဲ့ ဒုတပ်ကြပ်ကျော်နိုင်စိုးရဲ့ ပြောဆိုချက်တွေကို Salween Press က ဖော်ပြထားပါတယ်။

ဒုတပ်ကြပ်ကျော်နိုင်စိုးက တပ်တွင်း စစ်သည်တွေရဲ့ စိတ်ခံစားမှု အခြေအနေတွေကို ပြောဆိုခဲ့ရာမှာ စစ်သည်တွေက မင်းအောင်လှိုင်ကို ဆဲဆိုနေတဲ့အပေါ် သူအနေနဲ့ အခြေအနေတွေမသိလို့တားမြစ်ခဲ့ဖူးကြောင်းနဲ့ သူ့အနေနဲ့ Facebook မကြည့်တက်လို့ ပြင်ပ အခြေအနေကို မသိခဲ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

“ ငါလိုးမ မင်းအောင်လှိုင်ဆိုရင် ဟေ့ကောင်မဆဲနဲ့၊ ကိုယ့်ထက်လည်း အသက်ကြီးတယ် မင်းအဖေလောက် လည်းကြီးတယ် မင်းဘာလို့ လျှောက်ဆဲနေလဲဆိုတော့ မဟုတ်ဘူးတဲ့ အဲဒီ မအေလိုး စတက်ကတည်းက တိုင်းပြည်က အေးအေးဆေးဆေးနေရတယ်လို့ မရှိဘူးတဲ့” လို့ ဒုတပ်ကြပ် ကျော်နိုင်စိုးက သူတို့စစ်သည်အချင်းချင်း ပြောဆိုခဲ့ကြတာ တွေကို ပြန်ပြောပြပါတယ်။

သူ့အနေနဲ့လည်း အခြားသူတွေ Facebook ကြည့်တဲ့ အချိန်မှာ သွားရောက်ကြည့်ရှုခဲ့လို့ ပြင်ပ အခြေအနေတွေကို သိရှိရပြီး စစ်ခေါင်းဆောင်ကို အမြင်ကတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ သူနေရာတည်မြဲဖို့ အတွက်ကို ကျန်တဲ့သူက ကောင်းကောင်းမှ မနေရတာ။ သူတို့က ပါးစပ်နဲ့ခိုင်းတာ အောက်က လူက မြေပြင်မှာ လက်တွေ့လုပ်ရတာ။ …။ အောက်ခြေမှာ ဘယ်လိုငတ်လား တြပ်လားဆိုတာ ဘာမှမသိဘူး” ဟု ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောပါတယ်။

သူ့အနေနဲ့လည်း ရှေ့တန်းကို ထွက်ရချိန်မှာ တိုက်ခိုက်ချင်စိတ် လက်နက်ကိုင်လိုစိတ် မရှိတော့ဘဲ တပ်ထဲမှာ နေရတာ မပျော်တော့ဘူးလို့ ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောပါတယ်။

“သူတို့က ပြောမယ်ဆို အခုရှေ့တန်းထွက်တော့မယ်ဆိုရင်လည်း ၃ရက်ကြာမယ်ဆိုရင်လည်း ၂လ ကြာရင်ကြာသွား တယ်။တစ်ပတ်ကြာမယ်ဆိုပြီး ၂နှစ်လောက်ကြာရင်ကြာသွားတာ။ ကျွန်တော်တို့ ရခိုင်သွားတုန်းကလည်း တစ်ပတ်ဆိုပြီး သွားတာ ၂နှစ်လောက်ကြာသွားတယ်။ အခု လေးကေ့ကော်ဘက်ကို လာတော့လည်း တစ်ပတ်စာနဲ့ ကျွန်တော်တို့လာ တယ်။ ၃ရက်စာနဲ့ ကျွန်တော်တို့လာတယ် ၂လ၊ ၃လ ကြာသွားတယ်” ဟု ဒုတပ်ကြပ်ကျော်နိုင်စိုးက ပြောသည်။

လေးကေ့ကော် စစ်မြေပြင်မှာ ဆက်လက်ရှိနေရင် သေဆုံးထိခိုက် အဖမ်းခံရနိုင်တယ်ဆို တဲ့အကြောင်းကို အထက် အရာရှိကို ပြောခဲ့တယ်လို့လည်း သူက ဆက်ပြောထားပါတယ်။

“ဒီပုံစံတိုင်းသာ ဆက်တိုက်မယ်ဆိုရင် ကျွန်တော်တို့ သေရင်သေ၊ မသေရင် တချိန်ချိန် အဖမ်းခံရမှာ။ ကျွန်တော်က မတိုက်ကို မတိုက်တော့ဘူး တိုက်ချင်တဲ့စိတ်မရှိတော့ဘူးလို့။ ကျွန်တော်ပြန်ချင်တဲ့ စိတ်ပဲရှိတယ်လို့။ လုပ်လည်းမလုပ် ချင်တော့ဘူး အဲဒီအလုပ်ကိုလို့” လို့ ဒုတပ်ကြပ်က သူ့ရဲ့အရာရှိနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေကို ပြန်ပြောပြပါတယ်။

“ အခု ကျွန်တော်လာတဲ့အချိန်မှာ သူ့တပ်စိပ်က အပေါ်ရောက်သွားပြီ။ ကျွန်တော်က ရေဆိပ်မှာ ဖြစ်နေတော့ သူမသိ လိုက်ဘူး။ သိရင် လိုက်ရင်လိုက်မှာ” လို့ ဒုတပ်ကြပ် ကျော်နိုင်စိုးက ဆက်လက် ပြောဆိုပါတယ်။

သူထွက်မပြေးချင် မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်တွေရှိခဲ့တယ်လို့ ပြောပြပါတယ်။ ထမင်းမစားရတဲ့နေ့တွေ ရေငတ်ရတဲ့ အချိန်တွေရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ရှေ့တန်းရောက် စစ်သည် အများအပြားက ထွက်ပြေးချင်နေကြတယ်လို့လည်း အင်တာဗျူးမှာ ပြောကြားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.