အာဇာနည်နေ့မှာ ပြည်သူတွေကို ရဲရဲတောက် သပိတ်ပြုလုပ်ကြဖို့ ဒီမိုကရက်တစ်လူငယ်ကောင်စီက တိုက်တွန်း
ဇူလိုင် ၁၂ ၊ ၂၀၂၂
လာမယ့် ၁၉ ရက်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူတွေကို ရဲရဲတောက်သပိတ်ပြုလုပ်ကြဖို့ အတွက် ဒီမိုကရက်တစ်လူငယ်ကောင်စီက တိုက်တွန်းထားပါတယ်။
“အာဇာနည်စိတ်ဓါတ်ကိုင်စွဲလို့ အာဏာရှင်စနစ် အမြစ်ဖြတ်စို့” ဆိုတဲ့ လူထုလှုပ်ရှားမှုအမည်ပေးထားပြီး လွတ်လပ်ရေး အတွက် အသက်ပေးခဲ့ရတဲ့ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည်ခေါင်း ဆောင်တွေ၊ နွေဦးတော်လှန်ရေးအပါအဝင် အရေးတော်ပုံအဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေ၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့ရတဲ့ တိုင်းရင်းသားအာဇာနည်သူရဲကောင်းတွေကို ဂါရဝပြုတဲ့ အနေနဲ့ ၁၀:၃၇ မိနစ်မှာ ကားဟွန်း၊ ဥဩသံတွေ ဖုန်း ဒါမှမဟုတ် အခြား အသံထွက်နိုင်တဲ့ ကိရိယာတွေဖွင့်ပြီး ဂါရဝပြုတာတွေ ပြုလုပ်ဖို့အတွက် ဒီမိုကရက်တစ်လူငယ်ကောင်စီက ပြောထားပါတယ်။
ဒါအပြင် မိမိတို့ရဲ့ Facebook Profile တွေကို Black Profile Campaign အဖြစ် ဇူလိုင် ၁၉ မှာ တစ်ရက်တာထားရှိပြီး ဝမ်း နည်းကြောင်း ပြသဖို့အတွက်လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
နောက်တစ်ခုအနေနဲ့လည်း လက်သုံးချောင်းထောင်ပြီး အင်္ကျီအနက်ရောင်ဝတ်ကာ အာဇာနည်နေ့ အာဏာရှင်စနစ် နိဂုံး ချုပ်ရေး အကြောင်းအရာပါ ဓာတ်ပုံတွေကို ဒီမိုကရက်တစ်လူငယ်ကောင်စီရဲ့ Facebook Account ဒါမှမဟုတ် Page တို့ရဲ့ Messenger ကနေ ပေးပို့ပါဝင်နိုင်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။