အာဇာနည်နေ့မှာ ပရိုဖိုင် ကမ်ပိန်းလုပ်ဖို့အတွက် ဒီမိုကရက်တစ်လူငယ်ကောင်စီက တိုက်တွန်းထား
ဇူလိုင် ၁၈ ၊ ၂၀၂၂
မနက်ဖန် ကျရောက်မယ့် အာဇာနည်နေ့မှာ “အာဇာနည်စိတ်ဓါတ်ကိုင်စွဲလို့ အာဏာရှင်စနစ် အမြစ်ဖျက်စို့“ ဆိုပြီး အမည် ပေးထားတဲ့ တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်တွေမှာ ပရိုဖိုင်ချိန်းတဲ့ကမ်ပိန်းပြုလုပ်ကြဖို့အတွက် ဒီမိုကရက်တစ်လူငယ် ကောင်စီက တိုက်တွန်းထားပါတယ်။
ဒီမိုကရက်တစ်လူငယ် ကောင်စီက မနက်ဖန်ကျရောက်မယ့် ၇၅ နှစ်မြောက် အာဇာနည်နေ့မှာ အာဏာရှင်စနစ် နိဂုံးချုပ်ရေးနဲ့ ဘယ်လိုမှ သွေးမအေးဘူးဆိုတာကို ပြသဖို့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ Telegram and Facebook Profile တွေမှာ Profile Picture တွေ ချိန်းဖို့နဲ့ ချိန်းဖို့အတွက် ပုံကိုလည်း တစ်ပါတည်းဖော်ပြပေးထားတာ တွေ့ရပါတယ်။
ပရိုဖိုင်ပုံတွေကို ပြောင်းလဲရာမှာ ဇူလိုင် ၁၈ ရက် (ဒီနေ့)နဲ့ ၁၉ ရက်(မနက်ဖန်) နှစ်ရက်တာ ပြောင်းလဲအသုံးပြုပေးပြီး အာဏာရှင်စနစ်ကို လုံးဝလက်မခံတဲ့ စိတ်ဓာတ်နဲ့ အာဏာနည်ခေါင်းဆောင်တွေကို ဂါရဝပြုဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။
အသုံးပြုရမယ့် ပုံကို Google Drive Link တစ်ဆင့် https://drive.google.com/drive/folders/1Mv9NpMHmVbr07A8wVtN9jwmNulu3ohIN?usp=sharing မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။