အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအကြမ်းဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့အတွက် ဇန်နဝါရီ ၇ ရက်မှ မြန်မာနိုင်ငံကို လာရောက်ပါတော့မယ်။ အကြမ်းဖက်စစ်ကောင်စီအုပ်စုကို တရားဝင်ခွင့် မပေးဖို့အတွက် တကမ္ဘာလုံးက လုပ်ဆောင်နေချိန်မှာ ဟွန်ဆန်ရဲ့ လုပ်ရပ်က အားလုံးကို အံဩတုန်လှုပ်စေပါတယ်။ အကြမ်းဖက်စစ်ကောင်စီ အုပ်စုကို တရားဝင်ခွင့် မဖြစ်စေဖို့အတွက် ဟွန်ဆန်ကို မြန်မာနိုင်ငံသို့ ခြေချခွင့်မရစေရေးအတွက် တော်လှန်ရေး အင် အားစု ၂၇၃ စုက စုပေါင်းပြီး ကန့်ကွက်လွှာထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ တော်လှန်ရေးအင်အားစုတွေထဲက တခုဖြစ်တဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အဖွဲ့ဝင် ကိုထက်မြက်အောင်နဲ့ ဆက်သွယ်ပြီးတော့ မေးမြန်းထားတာတွေကို ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။
#SpringRevolution
#PVTV
#Interview

