အာဆီယံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ညီလာခံမှာ စစ်အာဏာသိမ်းလိုက်တာကြောင့် ပြိုယွင်း ပျက်ဆီးသွားတဲ့ ကျန်းမာရေးစနစ်နဲ့ NUG အစိုးရက ဆောင်ရွက်နေတဲ့ ပညာရေးစီမံချက်များကို ဆွေးနွေးခဲ့

အာဆီယံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ညီလာခံမှာ စစ်အာဏာသိမ်းလိုက်တာကြောင့် ပြိုယွင်း ပျက်ဆီးသွားတဲ့ ကျန်းမာရေးစနစ်နဲ့ NUG အစိုးရက ဆောင်ရွက်နေတဲ့ ပညာရေးစီမံချက်များကို ဆွေးနွေးခဲ့
ဒီဇင်ဘာ ၇၊၂၀၂၁

အာဆီယံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ညီလာခံ တတိယမြောက်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးစနစ် COVID 19 ကြောင့် မြန်မာပြည်သူတွေအပေါ်ရိုက်ခတ်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ့ ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားသမဂ္ဂတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း (၈) ယောက် တက်ရောက်နေတာဖြစ်ပါတယ်။

ဒါပြင် လက်ရှိမြန်မာနိုင်ငံ ပညာရေးအခြေနေအပါအဝင် NUG အစိုးရ က ပညာရေးဝန်ကြီးဌာနမှာ ဆောင်ရွက်နေတဲ့ ပညာရေးစီမံချက်တွေကိုပါ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံမှာ COVID-19 ကပ်ရောဂါ စီမံတုံ့ပြန်ဆောင်ရွက်ရာတွင် လူငယ်များနှင့် လူငယ် အစုအဖွဲ့ တွေရဲ့ အခန်းကဏ္ဍအပြင် ကပ်ရောဂါကာလနဲ့ ကပ်ရောဂါအလွန်ပညာရေး မဟာဗျူဟာ စီမံချက်များ ဆိုတဲ့ ခေါင်းစဉ်နှစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါပြင် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေနေတွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

“ဒီနေ့ အဓိက ဆွေးနွေးတာက COVID-19 ကိစ္စနှင့် ပညာရေးစနစ်ကိစ္စပါ။ အဲဒီမှာ ကျွန်တော် အဓိက ဆွေးနွေးပြီး ကိုယ်တိုင်တင်ပြခဲ့တာကတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ကျန်းမာရေး စနစ်ဟာ ပြိုယွင်းနေတယ်ပေါ့။ ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေနဲ့ ရပ် ရွာအခြေပြုအဖွဲ့အစည်းတွေက COVID-19 တတိယလှိုင်းနဲ့ လက်ရှိအခြေအနေမှာ ရှေ့တန်းကနေ ကျန်းမာရေးဝန်ဆောင်မှုကို ပေးနေရတယ်ပေါ့။ ကျန်းမာရေးဝန်ဆောင်နဲ့ အရေးပေါ်ဝန်ဆောင်မှု အပြင် ဆေးဝါးတွေနဲ့ အောက်ဆီဂျင်တွေလို ပစ္စည်းတွေကိုပါ ဝယ်ယူပေးနေရတဲ့ အခန်းကဏ္ဍကို လည်း ယူထားရတဲ့အကြောင်း ကျွန်တော်တင်ပြခဲ့ပါတယ်။ အဓိကကတော့ အာဏာသိမ်းစစ်တပ်က နေ ဆေးဝါးပစ္စည်းတွေကို ဖြတ် တောက်ထားလို့ဆိုပြီး ကျွန်တော်ထည့်ပြောခဲ့ပါတယ်”လို့ သူက ပြောပြပါတယ်။

ကိုဗစ် ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် စာသင်ကျောင်းတွေ သုံးနှစ်လောက် ပိတ်ထားရတာအပြင် ပညာရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အာဆီယံနိုင်တွေကြားမှာ နောက်ကျကျန်နိုင်ကြောင်း၊ အခြားနိုင်တွေကြားမှာ မညီမျှမှုတွေ တိုးတက်လာနိုင်တဲ့အကြောင်းနဲ့ ဒီလို ကွာဟမှုတွေ ဖြစ်လာနိုင်တာကြောင့် မြနမာနိုင်ငံအတွက်တင်မဟုတ်ပဲ အာဆီယံ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြွယ်ဝမှုရည်မှန်းချက်တွေကိုပါ ထိခိုက်လာနိုင်တယ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ မန္တလေးနည်းပညာတက္ကသလိုလ် သမဂ္ဂ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒါပြင် NUG ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပညာရေးဆောင်ရွက်ချက်တွေကိုလဲ ပြောဆိုခဲ့ပါသေးတယ်။

“ကျွန်တော်ကတော့ NUG ကနေ ဆောင်ရွက်နေတဲ့ ပညာရေး စီမံချက်တွေကို ဆွေးနွေးတင်ပြခဲ့ပါ တယ်။ Slide ပေါ်မှာ လည်း NUG နာမည်ကို သေချာပေါ်အောင်ရေးပြီး NUG ကပဲ ကျွန်တော်တို့ရဲ့ legitimate government တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာကို ရအောင်ထည့်ပြောခဲ့ပါတယ်။ ပြီး တော့ NUG ပညာရေးဝန်ကြီးဌာနက ဒီလိုမျိုး အခြေအနေမှာ online learning platform တွေ လုပ် ပေးနေတဲ့အကြောင်းနဲ့ ပြည်တွင်းအခြေစိုက်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတဲ့အကြောင်းကို မီးမောင်းထိုးပြခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဆွေးနွေးချက်တွေက နိုင်ငံအပေါ်အခြေခံပြီး ဆွေးနွေးရတာထက် ယေဘုယျသဘော ဆွေးနွေးရတဲ့အတွက် ညီလာခံအပြီး ထုတ်ပြန် အကြံပြုချက်တွေမှာ မြန်မာနိုင်ငံအတွက်ဆိုတဲ့ သီးသန့် အကြံပြုချက်များ ထုတ်ပြန်နိုင်မှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တဦးက ပြောပြပါတယ်။

“မနက်ဖြန်မှာ ကျွန်တော်တို့တွေ ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်း အပေါ် အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးကြမှာပါ။ အဲဒါပြီးရင်တော့ ဒီနေ့နဲ့ မနက်ဖြန် ဆွေးနွေး တာတွေကို စုပြီး လူငယ့်ရေးရာ အာဆီယံ အဆင့်မြင့်အရာရှိတွေရဲ့ အစည်းအဝေးမှာ တင်ပြမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီအကြံပြုချက်တွေက နိုင်ငံအလိုက် လိုအပ်ချက်တွေကို ပြောတာမဟုတ်ဘဲ ယေဘုယျအနေနဲ့ပဲ ရေးမှာဆိုတော့ မြန်မာနိုင်ငံအတွက် အကြံပြုချက်ကိုတော့ သီးသန့်ပေးနိုင် လောက်မှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို အခွင့်ရေးသလို ဆွေးနွေးတင်ပြခဲ့ကြောင်း၊ မေးခွန်း မေးမြန်းရာမှာလဲ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုပဲ မေးမြန်းတာအပြင် တက်ရောက်နေသူတွေကလဲ အာဆီယံလူငယ်တွေသာ မဟုတ်ပဲနဲ့ အာဆီယံ က တာဝန်ရှိသူတွေ ပါဝင်တာဖြစ်တဲ့အတွက် လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးအပေါ် တစုံတရာ အာရုံစိုက်မှု ရနိုင်မှာဖြစ်တယ်လို့ တက်ရောက်သူတွေက ပြောဆိုကြပါတယ်။

အာဆီယံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ညီလာခံကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပတာဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံက က္ကသိုလ် ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၂၀ ကျော်တက်ရောက် ဆွေး နွေးခဲ့ကြတာဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews




Add your reaction

  1. NUG သို့ ပေးစာ
    ************
    ကျနော်တို့ PDFတွေကို ဘယ်တော့
    လက်နတ်တပ်ဆင်ပေးမှာလဲ 😌
    PDFတွေ သေကုန်မှ တပ်ဆင်ပေးမှာလား😌
    အခုချိန်ခါက ကြားဝင်ဆွေးနွေး ညိုနှိုင်းနေရမဲ့
    အချိန်မဟုတ်ဖူး တိုက်ရမဲ့ အချိန်ပါ
    UNလား သူတို့က ထိတ်လန့်လိုက် စိုးရိမ်လိုက်နဲ့
    ပွဲကနေတာလေ Usလား မဖြစ်စလောက်
    လက်နတ်ထောက်ပ့နေတာကို ပျော်နေတာလား😌
    Crလား သူက နှစ်ဖက်ဘက် ခွထိုင်နေတာလေ
    မင်းအောင်လှိုင်ကို လက်နတ်ပေးလိုက်
    PDFကို လက်နတ်မဖြစ်စလောက်ပေးလိုက်နဲ့
    စီးပွားရေးသမားကို ဖအေခေါ်နေလို့မရဘူး😌
    တိုင်းပြည်အရေးကို တိုင်းတပါးကို အားကိုးလို့မရဘူး
    ဥပဒေလား ဥပဒေနဲ့ အညီသွားလုပ်လို့ မရဘူး
    နားမလည်တဲ့ ငါတကောကောနေတာ ပြည်သူမဟုတ်ဖူး ပြည်ဖျက်သမားတွေကို မသက်ညှာပါနဲ့
    ကြားထဲက ပြည်သူအစစ်တွေ ကြွေကုန်ပြီ
    တော်လှန်ရေး အဖူးအညွှန့်တွေ မြေခကုန်ပြီ
    တိုက်ပွဲကြားမှာ ပြည်သူအစစ်တွေ သွေးစွန်းခဲ့ရင်
    ကျေနပ်သေးတယ် ဘာမှ မဟုတ်ပဲ
    သွေးစွန်းခံရတာ ရင်နာမဆုံးပဲ
    ဒီစာရေးနေသူ ကျနော် တိုက်ပွဲ ကြားမှာ
    သေခဲ့ရင် ဂုဏ်ယူတယ် 😌
    NUG က ပြည်သူကို သက်ညှာလေ
    မင်းအောင်လှိုင်က သတ်သေ ဖိလေ နင်းလေ
    မီးရှို့လေ မဒိန်းကျင့်လေ ကျနော်တို့
    မြန်မာပြည်ကြီးကို မင်းအောင်လှိုင်က
    ချောက်အနက်ဆုံးထိ ဆွဲချနေတာ
    သူက သေမထူးနေမထူး အောက်တန်းစား
    ဒါကြောင့် NUG အစိုးရ အနေနဲ့ တိုက်ပါတော့
    ပြည်သူတွေက သေမထူး နေမထူး အိုးအိမ်တွေလဲမဲ့
    မိသားစုတွေ လူမစုံ ရှင်ကွဲ သေကွဲ ဘဝတွေပျက်
    အနာဂါတ်ခလေးတွေအတွက်
    ကျနော်တို့ သေပေးပ့မယ် ဗျာ 🙏🙏🙏
    အပြင်းထန်ဆုံး စစ်ကို မျှော်လင့်ရင်း အသက်ကိုပေးမဲ့သူ😌😌။

    Mk

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.