အာဆီယံအလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူချိန်မှာ မြန်မာစစ်ကောင်စီကို မျက်နှာသာမပေးရန် ကမမ္ဘောဒီးယားကို အမေရိကန်တိုက်တွန်း

အာဆီယံအလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူချိန်မှာ မြန်မာစစ်ကောင်စီကို မျက်နှာသာမပေးရန် ကမမ္ဘောဒီးယားကို အမေရိကန်တိုက်တွန်း

ဒီဇင်ဘာလ ၁၁၊ ၂၀၂၁

လာမယ့်နှစ်မှာ ကမ္ဘောဒီးယား နိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီလို တာဝန်ချိန်မှာ အကြမ်းဖက်စစ်ကောင်သီကို ဘယ်လိုလိုက်လျောမှုမျိုးမှ မလုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေး အကြီးတန်းအရာရှိက တောင်းဆိုလိုက်တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအစည်းအဝေးများကို ပြန်လည်ဖိတ်ကြားသင့်ကြောင်းပြောကြားအပြီးမှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က အခုလို မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို အမေရိကန်နိုင်ငံခြားရေးအကြံပေး ပုဂ္ဂိုလ်က ရောက်ရှိနေချိန် အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေကို အာဆီယံထိပ်သီးညီလာခံမှာ ဆက်ပြီး ချန်လှပ်ထားဖို့ ကမ္ဘောဒီးယားကို တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့်အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန်နဲ့ ​မြှင့်တင်ဖို့လာမည့်နှစ် အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို Derek Chollet ကတိုက်တွန်းခဲ့ပါတယ်။

လာမယ့်နှစ် အစောပိုင်းမှာ ဝန်ကြီးချုပ်ဟွန်ဆန်က နေပြည်တော်ကို လာမယ်သို့ သတင်းတွေထွက်ပေါ်နေပြီး ကမ္ဘောဒီးယားက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကို ဖနွမ်းပင်ကိုဖိတ်ကြားခဲ့တာ​​ဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.