အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်ဆန်ပြည့်ဝအောင်အကောင်အထည်ဖော်ဆောင်ရေး တိုက်တွန်းကြောင်း အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်မှာ ဖော်ပြ
မေ ၁၆ ၊ ၂၀၂၂
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၀၂၁ ဧပြီ ၂၄ မှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်းများအစည်းအဝေးရဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်ဝအကောင်အထည်ဖော်ဆောင်ဖို့တိုက်တွန်းကြောင်း မေ ၁၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သုံရုံးကဖော်ပြတဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကြညာချက်ထဲမှာ မြန်မာနိုင်ငံရဲ့အကြပ်အတည်းနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ အလွန်စိုးရိမ်ပူပန်လျက်ရှိကြောင်း ၂၀၂၁ ဧပြီ ၂၄ မှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်းများအစည်းအဝေးရဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပေါ် မြန်မာနိုင်ငံရဲ့ ကတိကဝတ်ကို အလေးပေးဆွေးနွေးခဲ့ကြပြီး အဲဒီ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ဆောင်ဖို့တိုက်တွန်းထားပါတယ်။
သက်ဆိုင်သူအားလုံးနဲ့ အပြည့်အဝတွေ့ဆုံနိုင်ဖို့အတွက် စိတ်ချယုံကြည်မှုတည်ဆောက်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို အရေးပေါ်လိုအပ်နေသူတွေအပါအဝင် မြန်မာပြည်သူတွေဆီကို ခွဲခြားမှုမရှိဘဲ ထိထိရောက်ရောက်ပို့ဆောင်နိုင်ရေးတို့အတွက် အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်မှုတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့အညီ ငြိမ်းချမ်းစွာအဖြေရှာဖို့အတွက် အာဆီယံအဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက် အားပေးထောက်ခံတယ်လို့ဖော်ပြထားပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက် အမေရိကန်နိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခြားသားတွေအပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင်အာဆီယံပဋိညာဥ်မှာ ထည့်သွင်းဖော်ပြထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့လွတ်လပ်ခွင့်တွေအပေါ် ဆက်လက်ထားရှိတဲ့
သံန္နိဋ္ဌာန်ကို ထင်ဟပ်စေတဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းလမ်းအတွက် အားလုံးရဲ့ စုပေါင်းကြိုးပမ်းမှုကို နှစ်ဆတိုးပြီး ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။
ယခုလိုအရေးပါတဲ့ ကြိုးပမ်းအားထုတ်မှုမှာ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ကောင်းကို ရရှိစေဖို့အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပြင်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ရဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း
အမေရိကန်အနေနဲ့ကြိုဆိုတယ်လို့ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။