အဟန့်အတားတွေကြားက ပြည်သူတွေကို ကူညီအားဖြည့်လုပ်ဆောင်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ပြုကော်မတီက ကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၂
ပြည်သူလူထုအကျိုးကို အခက်အခဲ၊ အတားအဆီး၊ အဟန့်အတားတွေကြားက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ကူညီ အားဖြည့် ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRYH)က ဒီနေ့ရက်စွဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) အနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူသား ချင်းစာနာထောက်ထားရေး၊ အမျိုးသမီးနဲ့ကလေးသူငယ်ကူညီစောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍမျိုးစုံရဲ့ သက်ဆိုင်ရာတာဝန်ခံတွေ၊ အထောက်အကူပြုအဖွဲ့တွေကို တာဝန်ပေးအပ်ပြီး ပြည်သူလူထုအကျိုးကို အခက်အခဲ၊ အတားအဆီး၊ အဟန့်အတားတွေကြားက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ကူညီအားဖြည့်ဆောင်ရွက်ပေးနေတယ်ဆိုပြီးတော့ ဖော်ပြထားတာပါ။
နွေဦးတော်လှန်ရေးအစဦးမှာ ရန်ကုန်တိုင်းအတွင်း ငြိမ်းချမ်းစွာဆန္ဒပြရင်း အကြမ်းဖက်စစ်ကောင် စီလက်ချက်နဲ့ ကျဆုံးခဲ့ရ သူတွေ နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ထောက်ပံ့တာ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDMဝန်ထမ်းတွေကိုထောက်ပံ့တာ၊ နွေဦးတော်လှန်ရေးအတွင်း မတရားဖမ်းဆီး ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့တာနဲ့ မိသားစုများကို ထောက်ပံ့တာ၊ ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး အရေးပေါ်အကူအညီပေးဖို့လိုအပ်တဲ့ မြို့နယ်တွေကို ထောက်ပံ့တာတွေလုပ်ဆောင်ခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးကာလ အရေးပါတဲ့ အခြေအနေတွေမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီက ကြေငြာချက် (၁၅)စောင် ထုတ်ပြန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အကျိုးကို ဦးတည်ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးကာလ တစ်နှစ်တိုင်ခဲ့ပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ် ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိစေရန် ဆက်လက်ဆန့်ကျင် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အထူးလေးစားဂုဏ်ယူပါကြောင်းနဲ့ ပြည်ထောင်စုဝင်လူမျိုးတွေအားလုံး၊ နိုင်ငံသားတွေအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကိုအခြေခံကာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ အပြည့်အဝပြန်လည်ရရှိနိုင်ရေးအတွက် ပြီးမြောက်အောင်မြင်တဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။