အသက်အငယ်ဆုံး ပရဟိတသမား သို့မဟုတ် နွေဦးသူရဲကောင်းလေး ထွန်းလင်းနိုင်
================================
အသက် ၁၃ နှစ် ခြောက်တန်း ကျောင်သားအရွယ်ဆိုတာ မိဘ မျက်စိအောက်မှာ နေကြရတာများပါတယ်။
အခုတော့ ခြောက်တန်းကျောင်းသားလေးက PPE ဝတ်စုံဝတ်ပြီး အလောင်းတွေ လိုက်သယ်ပေးနေပါတယ်။
မင်းအောင်လှိုင်ကြောင့် ကိုဗစ်တတိယလှိုင်း မထိန်းချုပ်နိုင်ဘဲ ကူးစက်မှုများပြီး သေဆုံးမှုများနေတဲ့ အပေါ်မှာ ပရဟိတစိတ်အပြည့်နဲ့ လိုက်ပါ ဆောင်ရွက်ပေးနေသူပါ။
ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကူးစက်မှု များပြားနေချိန် PPE ဝတ်စုံဝတ်ပြီး လိုက်ပါကူညီနေတဲ့ မောင်ထွန်းလင်းနိုင်ကို ဒီတပတ်ရဲ့ နွေဦးသူရဲကောင်း ကဏ္ဍကနေ ဖော်ပြပေးလိုက်ရပါတယ်။
D နွေဦး
#SpringRevolution
#PVTV
Like – 6.9K Share – 249