အလှူရှင်တွေရဲ့ လှူဒါန်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ကနီမြို့ မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့
ဇူလိုင် ၂ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲ့ ရွာကြီးတစ်ရွာကို အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ စီမံ ခန့်ခွဲမှုနဲ့အတူ ကနီမြို့ မီးဘေးသင့်ပြည်သူတွေဆီ ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
မီးဘေးသင့် အိမ်ခြေ ၂၁၁ လုံးအတွက် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မိခင်ကြီး ဒေါ်တင်မ၊ ဦးကြည်လင်၊ ဒေါ်ခင်နွဲ့ရီ မိသားစုနဲ့ သားသမီးမိတ်ဆွေအပေါ်အသင်းတွေစုပြီး တစ်အိမ်လျှင် ကျပ် ၃၅၀၀၀ နဲ့ အလှူငွေ သိန်းတစ်ရာ လှူဒါန်းခဲ့သ လို မီးဘေးသင့်ရွာရဲ့ အဝေးရောက် ရွာသားတွေရဲ့ စုပေါင်းအလှူခံရငွေ ကျပ်သိန်း ၂၀၀ ကို တစ်အိမ်လျှင် ကျပ် ၅၀၀၀၀ စီကို ပေးလှူခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုလှူဒါန်းရရှိငွေတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ထောက်ပံ့လှူဒါန်းပေးခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။