အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံတွေ တည်ဆောက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန လုပ်ဆောင်နေ

အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံတွေ တည်ဆောက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန လုပ်ဆောင်နေ
ဇန်နဝါရီ ၁၄၊ ၂၀၂၂

အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံ ၃ ရုံ တည်ဆောက်ဖို့အတွက် လုပ် ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်း မာရေးဝန်ကြီးဌာနက သိရပါတယ်။

ရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံ ၃ ရုံတည်ဆောက်နိုင်ရေးအတွက်ကိုတော့ ဩစတြေး လျရောက် မြန်မာအဖွဲ့အစည်း ၃ ဖွဲ့ကနေ အလှူငွေ လက်ခံတာ၊ ထပ်ဆင့်လွှဲပြောင်းတာတွေ လုပ်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ် စားလှယ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလှူငွေမဟုတ်ဘဲ ပစ္စည်းလှူဒါန်းမှုတွေကိုလည်း လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလှူငွေကောက်ခံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ် စားလှယ်ရုံးနဲ့အတူ Pyit Taing Htaung Social Club(PTH) ၊ Myanmar Professional Association Australla (MPAA) နဲ့ CRPH/NUG Support Group (Queensland) တို့နဲ့ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ် စားလှယ်ရုံး [email protected] အီးမေးလ်ကို ဆက်သွယ်နိုင်ကြောင်းလည်း သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.