– အရှေ့တောင်အာရှနိုင်ငံနိုင်ငံများအသင်း (ASEAN) ရဲ့ ပဋိညာဉ်တစ်ခုဖြစ်တဲ့ ပြည်တွင်…


– အရှေ့တောင်အာရှနိုင်ငံနိုင်ငံများအသင်း (ASEAN) ရဲ့ ပဋိညာဉ်တစ်ခုဖြစ်တဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဘူးဆိုတဲ့ မူဟာ မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စသာ ဖြစ်လို့ ပြည်တွင်းရေးသက်သက်လို့ ယူဆလို့မရတော့ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက တနင်္လာနေ့ ဆွေးနွေးပွဲအတွင်းပြောကြားလိုက်ပါတယ်။
-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုရမယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ကြီး တစ်ခုဖြစ်တဲ့ International Trade Union Confederation (ITUC) က တောင်းဆိုလိုက်ပါတယ်။ ITUC ဟာ နိုင်ငံပေါင်း ၁၆၀ ကျော်က အလုပ်သမားပေါင်း ၂၀၇ သန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့အကြီးဆုံး အလုပ်သမား သမဂ္ဂအဖွဲ့အစည်းကြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခဲ့တာကို ITUC က ကြိုဆိုကြောင်း ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင် နိုင်ငံတကာအစိုးရတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်း တွေကပါ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ NUG ကို အသိအမှတ်ပြုကြဖို့လည်း ITUC က တောင်းဆိုခဲ့ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ ယနေ့ည PVTV သတင်း ဒုတိယပိုင်းအစီအစဉ်ကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 15K Share – 2155

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.