အရာတော်မြို့နယ်မှာ 7 July နေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၇ ၊ ၂၀၂၂
အရာတော်မြို့နယ်မှာ တော်လှန်ပြည်သူတွေက ဒီနေ့ကျရောက်တဲ့ 7 July နေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကမလဲသာကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာပင်မသပိတ်တို့ စုပေါင်းပြီး ပြုလုပ်ခဲ့ကြ တာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။