အရပ်သား အစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံကနေ လွတ်မြောက်လာခဲ့ပေမယ့်လည်း စစ်အာဏာ သိမ်းပြီးနောက်မှာ ရပ်တန့်ခဲ့ရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မတ် ၁၇ ၊ ၂၀၂၂
မြန်မာနိုင်ငံက အရပ်သားအစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင်ကနေ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းမှုက အရပ်သားအစိုးရရဲ့ ဒီမိုကရေ စီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို ရပ်တန့်စေခဲ့ရာ စစ်အာဏရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြည် လည်ထူထောင်ရေးနဲ့ မြန်မာနိုင်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ရေးကြိုးပမ်းရာမှာ နိုင်ငံတကာအ သိုက်အဝန်းအနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ ပြောကြားလိုက်ပါ တယ်။
၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းကို ဝင်သွားခဲ့ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမူရေးကောင်စီ (ECOSOC) ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကော်မတီ (CDP) က ထုတ်ပြန် တဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်က လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဆုံးပြည့်မီခဲ့ရတယ်လို့ ညီ လာခံမှာ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့စီးပွားရေးအပေါ် COVID-19 ကပ်ရောဂါရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေပေမယ့်လည်း ရွေးကောက်ခံ ပြည်သူ့အစိုးရက သင့်လျော်တဲ့ လူမှုစီးပွားကယ်ဆယ်ရေးမူဝါဒတွေနဲ့ လူသား တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထား နိုင်ခဲ့သလို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရန် အရည်အချင်းပြည့်မီနိုင်တဲ့ လမ်းကြောင်းမှန် ပေါ်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် စစ်အာဏာသိမ်းမှုနဲ့အတူ မတည်ငြိမ်မှုအခြေအနေတွေ ဖြစ်ပေါ်လာပြီး UNDP ရဲ့ အချက်အလက် တွေ အရ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ထက်ဝက်နီးပါးခန့်ဖြစ်တဲ့ လူဦးရေ ၂၅ သန်းအထိက ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ နေထိုင်ရတဲ့ အခြေအနေရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာကို ဝမ်းနည်းဖွယ် သိရှိ ရတယ်လို့ ပြောထားသလို ကိုရိုနာဗိုင်းရပ်ရဲ့ ဆိုးကျိုးသက်ရောက်မှုနဲ့ အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် ဖြစ်လာ ရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက မြန်မာ့စီးပွားရေးကို ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့လည်း World Bank က လည်းခန့်မှန်းပြောဆိုထားတယ်လို့ ပြောထားပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ဖြစ်ပေါ်လာ တဲ့ ကြောက်မက်ဖွယ်ရာဒုက္ခတွေကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရပြီး စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို အရေအတွက်သောင်းနဲ့ချီ ပြည်သူတွေ မတရားဖမ်းဆီးခံခဲ့ရလို့ လူအချို့က သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းတာတွေ ခံခဲ့ရတယ်လို့ သံအမတ်ကြီးက ညီ လာခံမှာ ပြောကြားထားပါတယ်။
မြန်မာပြည်သူတွေက စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရပ် စွန့်ခွာရွှေ့ပြောင်းရတာ လူသားချင်းစာနာထောက်ထားမှု အစရှိတဲ့ စိန်ခေါ်မှုပေါင်းစုံကို ကြုံတွေ့နေရသလို၊ မြန်မာ ပြည်သူတွေအနေနဲ့ကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန် လည်ထူထောင်ရေးနဲ့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဆကြိုးပမ်းဆောင် ရွက်ရန် ပြတ်သားတဲ့ စိတ်ဓာတ်၊ ဇွဲ လုံ့လ ဝီရိယတွေရှိနေကြပြီ လို့ ပြောထားပါတယ်။
ဒါအပြင် တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံ မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီ ဆောင် ရွက် ပေးကြဖို့ မေတ္တာရပ်ခံထားသလို မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်း ဆုံးနိုင်ငံဆိုပြီး အတည်ပြုချမှတ်ခဲ့သော Doha Program of Action ကို ထောက်ခံတယ်ဆိုတာနဲ့ ယင်းအစီအစဉ်ကို အချိန်နဲ့ တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း မျှော်လင့်ပါတယ်လို့ ညီလာခံမှာ ပြောကြား တဲ့ မိန့်ခွန်းထဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားလိုက်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။