အမွေအနှစ်ထိန်းသိမ်းခြင်းကို စစ်ကိုင်းကစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွားမယ် လို့ NUG ပြည်ထောင်စုဝန်ကြီးပြောကြား

အမွေအနှစ်ထိန်းသိမ်းခြင်းကို စစ်ကိုင်းကစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွားမယ် လို့ NUG ပြည်ထောင်စုဝန်ကြီးပြောကြား

အောက်တိုဘာ ၇ ၊ ၂၀၂၂

ရှေးဟောင်းဘုရားပုထိုးစေတီတွေကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိ နေ ပြီး အမွေအနှစ်ထိန်းသိမ်းခြင်းကို စစ်ကိုင်းမှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွား မယ်လို့ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အောက်တိုဘာလ ၆ ရက်မှာပြုလုပ်တဲ့ အမွေအနှစ်ဆိုင်ရာကြား ကာ လစီ မံအုပ်ချုပ်မှုဗဟိုအဖွဲ့နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ မှာပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရဲ့ ရှေးဟောင်းဘုရားပုထိုးစေတီတွေကို အကြမ်းဖက်စစ်ကောင်စီက လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှုတွေနဲ့ စစ်ကိုင်းတိုင်းရှိ ဟန်လင်းမြို့ဟောင်းက အမွေအနှစ်တူးဖော်ရောင်း ချမှုတွေဟာ ရင်နာစရာ ကောင်းပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖိဖိစီးစီးနဲ့ ကန့် သတ်ဆောင်ရွက်ကြမယ်ဆိုရင် ထိန်းသိမ်းဆောင်ရွက်နိုင်မှာဖြစ်‌ကြောင်း၊ အမွေအနှစ်ထိန်းသိမ်းခြင်းကိုတော့ စစ်ကိုင်းကစတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ တဖြည်းဖြည်းဆောင် ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် သဘာဝယဉ်ကျေးမှုအမွေအနှစ်တွေအပေါ်မှာဆိုးကျိုးသက် ရောက်မှု မဖြစ်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ကြောင်း ကြား ကာလအမွေအနှစ်တွေအပေါ် အကြမ်းဖက်စစ်အုပ်စုက ရာဇဝတ်မှုတွေဆောင်ရွက်လာနိုင်တာတွေကို ကြို တင်ကန့်သတ်လိုခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းက အမွေအနှစ်တွေကို လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ကောင်းကျိုးအတွက်နဲ့ တိုင်းရင်းသားလူမျိုးတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး အတွက် ရှေးရှု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာက တဆင့်ဖြစ်စေ၊ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုရဲ့ Facebook စာမျက်နှာက တဆင့်ဖြစ်‌စေ ဆက်သွယ်နိုင်တယ်လို့လည်းဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.