အမြန်လမ်း မိုင်တိုင် ၈၆ အနီးမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ပဲခူးခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်
မတ် ၁၉ ၊ ၂၀၂၂
အမြန်လမ်း မိုင်တိုင် ၈၆ အနီးကိုဖြတ်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ပဲခူးတိုင်းစစ်ဒေသခွဲ၊ ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနဲ့ အကြမ်း ဖက်စစ်တပ်က ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရမှု အသေးစိတ်စာရင်းကိုတော့ စုံ စမ်းစစ်ဆေးနေဆဲလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁)က ရဲဘော်တွေအနေနဲ့ လုံခြုံရာကို ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင် ခဲ့တယ်လို့ ဆိုထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို လက်နက်အားကိုးအနိုင်ကျင့်ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ရဲ့ ယန္တရားတွေမှာ ပါဝင်နေတဲ့ ထောက်တိုင်တွေကို ယခုထက်ပိုမို ပြင်းထန်စွာ ပစ်မှတ်ထားတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့ အကြောင်းလည်း သတိပေးထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။