အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “ကျွန်ပညာရေးကိုသပိတ်မှောက်၊ ဖယ်ဒရယ် ပညာရေးကို အတူတည်ဆောက်” စကားဝိုင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက် တနင်္ဂနွေနေ့
နေ့လယ် (၁:၃၀) နာရီ
ပါဝင်ဆွေးနွေးမည့်သူများ
1. ဒေါက်တာသိန်းလွင်
2. ဒေါ်ဂျာထွယ်ပန်
3. ဒေါက်တာတေဇာစန်း
4. ကိုနန္ဒာစစ်အောင်
5. ကိုမင်းသံစဉ်ဦး (SURC)
6. ဆရာ/မ ကိုယ်စားလှယ် (BEGSC)
ပါဝင်တက်ရောက်နားဆင်ရန်အတွက် အောက်ဖော်ပြပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
Register in advance for this webinar:
https://us02web.zoom.us/webinar/register/WN_gyFXQBy-ReyCieUqjmdgXg
ဗြိတိသျှနယ်ချဲ့တို့၏ ခွဲခြားဖိနှိပ်သော ပညာရေးအက်ဥပဒေကို ကျောင်းသားပြည်သူ တိုင်းရင်းသားပေါင်းစုံမှ ဆန့်ကျင်တော်လှန်ရာမှ ပေါ်ပေါက်လာသော နေ့တစ်နေ့ဖြစ်သော်လည်း စစ်အာဏာရှင်အဆက်ဆက်တို့က ပုံဖျက်ခဲ့သဖြင့် ပြည်သူများအကြား အယူအဆ ကွဲလွဲမှုများ ဖြစ်စေခဲ့ပါသည်။
ထို့ကြောင့် ယခု (၁၀၁) နှစ်မြောက်ကျင်းပမည့် အစီအစဉ်သည် အမျိုးသားအောင်ပွဲနေ့၏ မူလသဘောတရားဖြစ်သည့် အာဏာရှင်ကို တိုင်းရင်းသား မိဘပြည်သူ အားလုံးက စုစည်းညီညွတ် ဆန့်ကျင်တော်လှန်သည်ကို ထင်ဟပ်စေသည်သာမက လက်ရှိ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး နွေဦး တော်လှန်ရေးလှုပ်ရှားမှုကိုလည်း အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျင်းပသွားမည် ဖြစ်ပါသည်။
စကားဝိုင်းဆွေးနွေးပွဲကို NUG, PVTV, MOE တို့၏ လူမှုကွန်ယက်စာမျက်နှာများနှင့် PVTV , MOE တို့၏ YouTube စာမျက်နှာများတွင် LIVE ပြသသွားမည်ဖြစ်ပါသည်။