အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် မတ္တရာမှာပြုလုပ်
၂၇ နိုဝင်ဘာလ ၂၀၂၁
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (နိုဝင်ဘာ ၂၇ရက်)နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
“အမျိုးသားနေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါ့။ အမျိုးသားနေ့ကို ကြိုဆိုတယ် စစ်အာဏာရှင်ကို ဆန့်ကျင်တာပေါ့”လို့ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးအခြေအနေအရ မတ္တရာမြို့နယ် ကျေးလက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို အလေးပြုကာ မတရားဖမ်းဆီးခံထားရတဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။
“ အခုဒီလှုပ်ရှားမှုတွေလုပ်တဲ့အခါ ဘာအခက်အခဲရှိလဲဆိုတော့ လှုပ်ရှားပြီးရင် ကျွန်တော်တို့ ပုန်းရတာပေါ့”လို့ ဆန္ဒပြပွဲဦးဆောင်သူက ပြောပါတယ်။
ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး၊ စစ်အာဏာရှင်ကျရှုံးရေး၊ အကြမ်းဖက် လူသတ်စစ်ကောင်စီ အလိုမရှိကြောင်း ကြွေးကြော်ခဲ့ပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ နဲ့ အနုပညာရှင်တွေ ပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။
#SpringRevolution
#PVTV
#news