အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၅၀၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားဆဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၅၀၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားဆဲ
ဇန်နဝါရီ ၁၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ဒီနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၅၀၀ နီးပါးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်က စပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ဒီနေ့အထိကို စုစုပေါင်း ၆၄၉ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ ၁၄၆ ဦးက ပြန်လည်လွတ်မြောက်လာပြီးတော့ ၄၈၉ ဦးက ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲက ၁၄ ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်းမှာပဲ ကျဆုံးခဲ့ရတာပါ။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၄၈၉ ဦးထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၉၂ ဦး ပါဝင်နေပြီး တော့ ကျဆုံးခဲ့တဲ့ ၁၄ ဦးထဲမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၁ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာတွေ့ရပါတယ်။

လက်ရှိစာရင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ (CWC) က ကောက်ခံရရှိထားတဲ့ စာရင်းပဲဖြစ်ပြီးတော့ စာရင်းထဲမှာ မပါဝင်သေးတဲ့သူတွေ များစွာကျန်နေဦးမယ်လို့လည်း ဆိုထားပါတယ်။

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ပါတီရုံးတွေကို အကြမ်း ဖက်သမားတွေက ဥပဒေမဲ့ ဖျက်ဆီးခဲ့ရာ ၈၆ ကြိမ်အထိ ဖျက်ဆီးခံထားရတယ်လို့လည်း စာရင်းတွေအရ သိရ ပါတယ်။ ပါတီဝင်တွေရဲ့ နေအိမ်နဲ့ အဆောက်အဦတွေကို ဥပဒေမဲ့ဝင်ရောက် ဖျက်ဆီးမီးရှို့တာ၊ ပစ္စည်းတွေကို ခိုး ယူသွားတာတွေအပါအဝင် အကြောင်းအမျိုးမျိုးပြပြီး နေအိမ်ချိတ်ပိတ်မှုတွေက ၇၇ ဦးအထိ ကြုံထားရတယ် လို့လည်း သိရပါတယ်။

ယခုဖော်ပြထားတဲ့ အချက်အလက်တွေအားလုံးကို မြေပြင်ရှိ ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့က ကူညီပေးထားတာဖြစ်တဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ(CWC)က ကောက်ယူရရှိထားသော အချက်အလက်တွေ ကို ကိုးကားပြီးတော့ ဖော်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.