အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကိုဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကိုဖွဲ့စည်း
၅ နိုဝင်ဘာလ ၂၀၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးကျင်းပခြင်း မပြုနိုင်မီကာလအတွင်း အဖွဲ့ချုပ်၏ အခြေခံမူဝါးများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပါတီတွင်းလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်း ပြည်ပ ပါတီချင်းဆက်ဆံရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဗဟိုအလုပ်ကော်မတီ (Central Working Committee) ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်နှင့် ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်၊ Steering Committee မှ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.