အမျိုးသားညွန့်ပေါင်းအစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
————————-
အမျိုးသားညွန့်ပေါင်းအစိုးရ (NUG) ကိုသာ ထောက်ခံကြောင်း မြန်မာနိုင်ငံက ဒေသအချို့မှာ ပြည်သူလူထု က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပညာရေး ကျောင်းပေါင်းစုံ အရုဏ်ဦး သပိတ်စစ်ကြောင်းဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖွဲ့စည်းပေးလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံကြောင်း ပြသကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် လှုပ်ရှားနေသည့် လူထုက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံကြိုဆိုကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြကြောင်းလည်း သိရပါတယ်။
ဆက်လက်၍ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ဆန့်ကျင်ဆန္ဒပြနေသော ကျောက်ပန်းတောင်းမြို့နယ်ကျေးရွာမှ ဒေသခံလူငယ်တချို့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ထောက်ခံကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဒေသခံ လူထုများက စစ်အာဏာရှင် စံနစ်ကို အလိုမရှိကြောင်း ပည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဘက်မှ ရပ်တည်ထောက်ခံကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။
ဖားကန့်လူထုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့်အပြင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အနေဖြင့်လည်း လူထုအား ကာကွယ်ပေးပါရန်လည်း တောင်းဆိုခဲ့ကြသည်။
ထို့ပြင် စစ်ကောင်စီတပ်တွေက မနေ့က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံနှစ်ဦးကျဆုံးခဲ့တြ့ မိုးကုန်ဒေသခံတွေဟာ ယနေ့မနက်ပိုင်းမှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြိုဆိုကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုထောက်ခံကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ထောက်ခံကြောင်း လမ်းပေါ်ထွက် ဆန္ဒပြ သခဲ့ကြကြောင်း သိရပါတယ်။
Like – 8.8K Share – 436