အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အစီအစဉ်နဲ့ ကျောင်းသားလူငယ်တွေအတွက် ကာလတိုသင်ကြားရ…


အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အစီအစဉ်နဲ့ ကျောင်းသားလူငယ်တွေအတွက် ကာလတိုသင်ကြားရေး(Short Course) အစီအစဉ်တစ်အခုအနေနဲ့ မြန်မာဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ရဲ့ လူ့အဖွဲ့အစည်းအတွင်း အရေးပါမှုခေါင်းစဉ်ကို ပို့ချမယ့် သတင်း
ဆက်လက်ပြီး အာဏာသိမ်းနေ့ရက်မတိုင်မီ ရှေ့ပိုင်းမှာ ကျူးလွန်ထားခဲ့တဲ့ ပြစ်မှုဆိုင်ရာ အမှုတွေနဲ့ အမှုရင်ဆိုင်နေရသူတွေကို အမှုပိတ်သိမ်းကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာခဲ့တဲ့သတင်း
နေရာအနှံ့ ရောဂါကူးစက်မှုတွေ များပြားလာချိန်မှာ လူငယ်တွေ ဦးဆောင်ပြီး ပြည်သူမှ ပြည်သူသို့ အလဝါရောင်ကမ်းပိန်းကို လုပ်ဆောင်လာကြတဲ့ သတင်း
ကိုဗစ်တတိယလှိုင်းဒဏ်အပြင်းအထန်ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် နှစ်ဆတိုး ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး(အီးယူ)ကထုတ်ပြန်လိုက်တဲ့သတင်း
ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကွယ်လွန်ခဲ့ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့တဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 3.2K Share – 252

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.