အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူ့ညီလာခံကို ပြုလုပ်သွားမည်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူ့ညီလာခံကို ပြုလုပ်သွားမည်
ဇန်နဝါရီ ၂၆ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ရဲ့ ပထမဆုံးအကြိမ်ပြုလုပ်မယ့် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး ၃ ရက်ကြာမြင့်မယ်လို့ သိရပါတယ်။

ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပြုလုပ်မယ်လို့ နိုဝင်ဘာ ၁၆ က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်တော့မှာလည်းဖြစ်ပါတယ်။

အခုပြုလုပ်မယ့် ပြည်သူ့ညီလာခံမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အပိုင်း ၂ ကို အတည်ပြုပြီး ပြည်သူတွေကို ချပြသွားမှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတာကိုတွေ့ရပါတယ်။

NUCC က လက်ရှိအချိန်မှာ မူ ၃ ရပ်နဲ့သွားနေတာဖြစ်ပြီးတော့ လက်ရှိကာလကို ကြားကာလ၊ အသွင်းကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ကာလဆိုပြီး သတ်မှတ်ထားတာပါ။

မတ်လ ၈ ရက်မှာ စတင်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကတော့ တဦးတယောက်ခေါင်းဆောင်မှုမျိုးနဲ့မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု စုပေါင်းတာဝန်ခံမှုစနစ်တွေကို အခြေပြုသွားမယ့် အဖွဲ့လို့ ဆိုထားပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ လျန်မှုန်းဆာခေါင်းကတော့ NUCC ဟာ မြန်မာနိုင်ငံ သမိုင်းမှာ တခါမှာမပေါ်ပေါက်ဘူးသေးတဲ့ အစုအဖွဲ့ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတခုဖြစ်တယ်လို့ မှတ် ချက်ပြုပြောကြားထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ – နိုင်ဝင်ဘာ ၁၆ ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.