အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခ…

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ ပဋိပက္ခတွေအတွင်း ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက် အပိုင်း (၁) ကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 5K Share – 652

Public Voice Television Facebook

Add your reaction

  1. #ကျွန်တော်တို့ရန်ကုန်

    ပြင်ဆင်ကြရမယ် ဆိုတော့လည်း
    ရန်ကုန်သားတွေက ဘာပြင်ဆင်ရမလဲ
    ဘယ်လို ပြင်ဆင်ရမလဲဆိုတာ
    တွေးရခက်ကြီးဗျ။
    ဘာလုပ်သင့်တယ်ဆိုတာသိပေမယ့်
    ဘယ်လိုလုပ်ရမယ်ဆိုတာက
    ရှိသေးသကိုး။

    ရိက္ခာလည်းအများကြီးဝယ်မထားနိုင်တော့ဘူး။ပိုက်ဆံလည်း အဝင်နည်း/မရှိ။ဘယ်ကာလမှာ အဆင်သင့်ဖြစ်နေရမှာလဲ မသိ။
    ခုထဲက ပြင်ထားတော့လည်း စားရင်းနဲ့ကုန်။
    ပျော်လို့ယူစားတာမဟုတ်ဘူး။
    ပြင်ထားတဲ့အထဲက ယူစားမှ ဖြစ်တော့မှာမို့
    စားကွရတာ။

    ဆေးဝယ်စုတော့လည်း ပါရာစီတမော တကတ်နဲ့ ပရုတ်ဆီတစ်ဘူး ဟန်းနီးပလတ်စ် လေးငါးခုလောက်ပေါ့။
    အိမ်မှာ ဆေးစွဲသောက်ရတဲ့သူ ရှိလို့ကတော့ အဲဒီဆေးဖိုးမီအောင် မနည်းလုံးပန်းနေရတာ။အပိုဝယ်ဖို့ နေနေသာသာ။

    ပြင်နိုင်တာကတော့
    အရေးပေါ်အိတ်။ အဝတ်ကလေး စောင်လေး
    သယ်နိုင်ရုံ၊ ငွေ လက်ဝတ်လက်စား၊ စာရွက်စာတမ်း၊သောက်ရေ၊မုန့်ခြောက်၊
    ဓာတ်မီးလောက်ပေါ့။လမ်းမှာလည်း ခူးဆွတ်စားစရာ မရှိတော့ ငတ်မှာပါပဲ။

    ပြေးစရာကတော့ မြေမရှိဘူးဗျို့။
    ခဏ ခွာတာပဲ လုပ်လို့ရမယ်။
    ဒီဘက် ရပ်ကွက်ကပစ်ရင် ဟိုဘက်ရပ်ကွက်ကို ခဏ သွားကပ်နေရမှာပေါ့။
    ကျွန်တော်တို့ရပ်ကွက်တင်လူခြောက်သောင်းကျော်ရှိတယ်။ ဒုတိယ ကမ္ဘာစစ်လို ရွာတွေသွားနေဖို့လည်း မလွယ်ပါဘူး။

    တိုက်ခန်းသမားတွေအတွက် ဗုံးခိုကျင်းကတော့ တူးစရာ မြေမရှိ။ စစ်အတွင်းကလို အများသုံးဗုံးခိုကျင်းကြီးတွေ ကြိုတူးထားဖို့လည်း မဖြစ်နိုင်။ရေမြောင်းထဲခဏဆင်းနေရုံပါပဲ။

    အုံး ဂျိမ်း ဂွမ်း တွေ တကယ် ဖြစ်လာရင်
    စိန်ခေါ်မှုတွေက ကြောက်ခမန်းလိလိပါ။

    ဒါပေမဲ့
    ရန်ကုန်သားတွေ ဘာမျှော်နေသလဲ။
    အဲဒီ အုံး ဂျိမ်း ဂွမ်း တွေကိုပဲ
    လည်ပင်းရှည်အောင် မျှော်နေတာပါပဲ။

    အသံကျယ်တစ်ချက် ကြားလိုက်ရ ရင်ပဲ
    ဆက်ဖြစ်ဦးမလားတို့လူတွေ လာပြီလားလို့
    မျှော်နေကြတာပါ။

    မျှော်နေသူတွေလည်း ကြည့်လိုက်ဦး။
    အိမ်မှာ မသန်စွမ်းသူ ရှိသူတွေ၊သက်ကြီးရွယ်အို ရှိသူတွေ၊ရင်ခွင်ပိုက်ကလေး ရှိသူတွေ၊ကိုယ်တိုင် နာမကျန်းသူတွေ အပါအဝင် ပြည်သူစစ်စစ်တွေ အားလုံးပါပဲ။

    ပြည်သူက ကိုယ့်ကို ထိခိုက်မှာ မကြောက်တော့ဘူး။ ဒင်းတို့ မျိုးမပြုတ်မှာ နိဂုံးမြန်မြန် မချုပ်မှာကို ပိုကြောက်လာပြီ။ ရပ်ကွက်ထဲ လက်နက်ကြီးတွေကျမှာ မစိုးရိမ်တော့ဘူး။မီးခိုးငွေ့တွေ ရှင်းလာချိန် ကိုယ့်လမ်းထိပ်မှာ PDF တပ်ဦးအလံကို မြင်သွားချင်တဲ့ သူတွေချည်းပါပဲ။ ကိုယ်မသေခဲ့ရင်ပေါ့လေ။

    ပြောချင်တာက
    ကျွန်တော်တို့ကို သိပ်မညှာပါနဲ့
    မြန်မြန်လာခဲ့ပါ။
    လူ ယိုင်ချင် ယိုင်သွားမယ်။
    နှလုံးသားက ခိုင်ပြီးသားပါ။

    အရေးတော်ပုံ အောင်ရမည်။

    *ခံစားနေရတာတူ၍ ကူးယူပါသည်

    *ရန်ကုန်နေသူဖြစ်၍ ရန်ကုန်မြင်ကွင်းကိုရေးခြင်း ဖြစ်ပါသည်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.