အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၁) ကို ယနေ့ကျင်းပ
————————-
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၁) ကို ယနေ့ မေလ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြ ပါတယ်။
အစည်းအဝေးမှာ ဒုတိယသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က မိမိတို့
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအားလုံးဟာ အခက်အခဲကာလမှာ တာဝန်ထမ်းဆောင်ရတဲ့အစိုးရအဖွဲ့ဖြစ်တာကြောင့် လုပ်ကိုင်ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ ချောချောမွေ့မွေ့ဖြစ်နေတာမဟုတ်လို့ အားလုံးလည်း ပင်ပန်းကြမှာဖြစ်ကြောင်း၊
မိမိတို့ အစိုးရရဲ့အဓိကရည်မှန်းချက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးဖြစ်ကြောင်း
ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်နိုင်ဖို့အရင်ဆုံး အားစိုက်ရမှာက စစ်ကောင်စီ ပြုတ်ကျရေးဖြစ်သလို စစ်ကောင်စီကို မြန်မာပြည်ရဲ့ဘယ်နေရာမှာမှ စီမံအုပ်ချုပ်ခွင့် မရအောင် ကြိုးစား ကြရမည်ဖြစ်ကြောင်း
ပြည်သူတွေဟာ နေ့တိုင်းဘဝတွေ အသက်တွေရင်းပြီး စိတ်လုံခြုံမှုမရှိဖြစ်နေကြရတဲ့ အတွက် ပြည်သူတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးနိုင်မယ့် အစီအမံမျိုးတွေ အမြန်ဆုံးချမှတ်ဆောင်ရွက်ဖို့လိုကြောင်း
ဒါ့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့အနေနဲ ပြည်သူ့ကာကွယ်ရေး အစီအမံတွေကို လျှ့င်လျှင်မြန်မြန်ဆောင်ရွက်ပေးကြဖို့ကိုလည်းတိုက်တွန်းလိုကြောင်း
ဝန်ကြီးဌာနတွေအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍတွေမှာ အားတက်သရောစီမံဆောင်ရွက်နေကြတာကိုလည်းကျေးဇူးတင်ကြောင်း
မနေ့ကပဲ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာန နှစ်ခုကိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးတွေလဲ ထပ်မံခန့်အပ် တာဝန်ပေးခဲ့ပြီး မကြာမီမှာမိမိတို့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ပိုမိုအားကောင်း ခိုင်မာလာပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ရွက်လာနိုင်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အပိုင်း ၂ မှာ ဆိုထားတဲ့အတိုင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတွေ ဖွဲ့စည်းတာဝန်ပေးအပ်ဖို့၊ ကြားကာလအုပ်ချုပ်ရေးစီမံချက်တွေ ရေးဆွဲအတည်ပြုနိုင်ဖို့တွေ ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာ ဝန်ကြီးများက ၎င်းတို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးတင်ပြကြပြီး
ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#SpringRevolution
#PVTV
Like – 9.2K Share – 1064