အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူတွေကို ထ…


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူတွေကို ထုတ်ပြန်ကြေညာ
=======================

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူတွေကို ထုတ်ပြန်ကြေညာလိုက်တယ်လို့ သိရပါတယ်။
ဒီအခြေခံမူတွေထဲမှာ နိုင်ငံရေးဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီခြင်း၊ ဦးဆောင်မှု၊ ကာကွယ်ရေး ကဏ္ဍအပေါ် ဥပဒေပြုအာဏာမှကွပ်ကဲမှု၊ ကာကွယ်ရေး ကဏ္ဍအပေါ် တရားစီရင်ရေးအာဏာမှကွပ်ကဲမှု၊ ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာမှလက်ခံထားသော ဥပဒေများနှင့် ကျင့်ဝတ်များကို လိုက်နာခြင်း၊ ရာထူးတာဝန်သတ်မှတ်ချက်များ၊ ဘဏ္ဍာရေးစီမံမှုနှင့် အရင်းအမြစ်ခွဲ‌ဝေမှုနဲ့ နိုင်ငံတကာနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်မှုစတဲ့ အခြေခံမူများ ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံရေးဆိုင်ရာ မူဝါဒများနှင့်ကိုက်ညီခြင်းဆိုတဲ့ အပိုဒ်မှာ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်တဲ့ နိုင်ငံရေးမူဝါဒအတိုင်းသာ ဖော်ဆောင်ရမယ်ဆိုတဲ့အချက်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကိုက်ညီရမဲ့အချက်နဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်တန်ဖိုးများနဲ့ ကိုက်ညီရမယ်လို့ဆိုပါတယ်။
ဦးဆောင်မှုကဏ္ဍမှာဆိုရင်လည်း ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေဟာ အရပ်သားတွေဖြစ်ရမယ်လို့ ပါရှိသလို ကာကွယ်ရေးဝန်ကြီးဟာ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေအရ တပ်မတော်ကို ဦးဆောင်မှာဖြစ်သလို အစိုးရရဲ့ဦးဆောင်မှုနဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို ဖွဲ့စည်းရမှာဖြစ်တယ်လို့ ပါဝင်ပါတယ်။ ဒီမူဝါဒထဲမှာ စစ်သေနာပတိဟာ ကာကွယ်ရေးဝန်ကြီးက အဆိုပြုအဆိုပြုတဲ့သူကို လူမျိုးဘာသာခွဲခြားမှုမရှိပဲ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ရမယ်လို့လည်း ပါရှိပါတယ်။
ဆက်လက်ပြီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အရပ်ဘက်အုပ်ချုပ်မှုနဲ့ ကွပ်ကဲမှုရှိရမယ်လို့ ဆိုထားပါတယ်။
စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အရပ်ဘက်တရားရုံးတွေမှာသာ စစ်ဆေးစီရင်ရမယ်လို့ ဆိုထားသလို စစ်ဘက်က လုပ်ဆောင်တဲ့လုပ်ငန်းတွေဟာ ပြည်သူလူထုအပေါ် နစ်နာတယ်လို့ သံသယရှိတယ်ဆိုရင် စစ်ခုံရုံးကစုံစမ်းစစ်ဆေးအရေးယူမယ့်အပြင် အရပ်ဘက်တရားရုံးကလည်း စစ်ဆေးအရေးအယူခွင့်ရှိတယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတဲ့ နိုင်ငံတကာ စစ်ဥပဒေတွေကို တိကျစွာလိုက်နာရမှာဖြစ်သလို စစ်မြေပြင်မှာလည်း ဂျနီဗာကွန်ဗင်းရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ်လို့ ဆိုထားပါတယ်။
ကာကွယ်ရေးဆိုင်ရာ ရာထူးနဲ့ တာဝန်တွေကို သတ်မှတ်ရာမှာ လူမျိုးဘာသာအရ ခွဲခြားမှုမရှိစေဖို့နဲ့ ကျား/မခွဲခြားမှုမရှိစေဖို့ ဝန်ကြီးဌာနအနေနဲ့ စီမံရမယ်လို့လည်း ပါရှိကြောင်း သိရပါတယ်။
အဆိုပါ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ အခြေခံမူအပြည့်အစုံကို National Unity Government of Myanmar ဖေ့စ်ဘုတ်ပေ့ချ်မှာ ဝင်ရောက်ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV

Like – 6.2K Share – 637

Public Voice Television Facebook

Add your reaction

  1. I am very impressive with the people of Myanmar fighting the terrorist-mafia Tatmadaw using briiliance, legal means, and leadership with the people. You are truly worthy of respect, love and support. I believe you will win. You will. I love you all

  2. တူးမီနဲ့တိုက်တာတောင် နိုင်သေးသာ။
    လူတိုင်း လက်နက် ကိုင်နိုက်ရင်ဖြင့် ပြောမနေနဲ့တော့

  3. စစ်မူးထမ်းချင်းရင်ဘယ်ကိုလားခဲရမလဲခင်ဗျာလူငယ်တွေအနေနဲလာရင်လမ်းမှာကအလိမ်ခံရမှာဆိုးလို

  4. #NUG ရဲ့ ကိုယ်ပိုင်ထီ

    NUG အစိုးရထံသို့ အရေးကြီးသော အကြံပြုချက်

    =========================
    NUG အစိုးရမှ ခေါင်းဆောင်များခင်မျာ NUGအစိုးရကို ကျတော်တို့ ပြည်သူအများစုက ဘယ်လိုပါဝင်ကူညီမလည်းလို့ စဥ်းစားနေကြပါတယ်။
    ဒီနေရာမှာ ကျွန်တော်အကြံတစ်ခု ပြုချင်ပါတယ်။NUG အစိုးရအနေနဲ့
    ထီဖွင့်ပေးစေချင်ပါတယ်။
    ထိုင်းထီပုံစံ (15) ရက်တခါ ဖွင့်ရင်
    ပိုသင့်တော်ပါတယ်။လာမယ့် June
    လဆန်း 1 ရက်နေ့မှာ စဖွင့်စေချင်ပါတယ်။တစ်စောင်ကို တစ်ထောင်စျေးသတ်မှတ်ပြီး ဖွင့်သင့်ပါတယ်။ပထမအကြိမ်အနေနဲ့ အစောင်ရေ တစ်သန်းနဲ့ စကြည့်စေချင်ပါတယ်။သေချာပေါက်အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူ ပြည်သား သန်းနဲ့ ချီရှိနေပါတယ်။တစ်ယောက်ကို အနဲဆုံးတစ်စောင်တော့
    သေချာပေါက်အားပေးမှာ သေချာပါတယ်။wave pay ၊ kpay ၊AYA pay
    အားလုံးနဲ့ ဝယ်လို့ရအောင် စီစဥ်ပေးပါ။
    ထီကိုဆိုင်ပေါ်တင်မရောင်းပါ။
    လိုင်းပေါ်ကနေသော်လည်ကောင်း လျှို့ဝှက်ကိုယ်စားလှယ်များနဲ့ ရောင်းသင့်ပါတယ်။ထိုင်းထီကိုလည်း ဒီတိုင်းဘဲ ရောင်းနေတာမို့ အရမ်းမခက်ခဲပါ။ဖြစ်အောင်လုပ်မည်ဆိုလျင်
    ဖြစ်ပါသည်။လိုလျင်ကြံဆ နည်းလမ်းရပါ။
    အစောင်ရေ ဆယ်သန်းနဲ့ တွက်မယ်ဆိုရင် ကျပ်ငွေသန်းတစ်သောင်းရမှာ ဖြစ်ပါတယ်။ဒီထက်မက ရောင်းရမယ်လို့လည်း ယုံကြည်ပါတယ်။လက်ရှိ စစ်အာဏာရူးအစိုးရက ရောင်းရငွေရဲ့ လေးဆယ်ရာခိုင်နူန်း ဆုကြေးပေးပါတယ်။NUG အစိုးရက ငါးဆယ်ရာခိုင်နူန်း ပေးပြီးလုပ်ရင် သန်းငါထောင်ကို ဆုကြေးအဖြစ် ပေးလို့ရပါတယ်။ဆုကြေးကို
    ပထမဆု သိန်းငါးရာ အစုတစ်ထောင်ပေးရင် အိမ်ထောင်စု တစ်ထောင် ဆင်းရဲတွင်းက လွတ်မှာဖြစ်ပါတယ်။
    NUG အစိုးရအတွက်လည်း ရံပုံငွေ
    သန်းငါးထောင်(သိန်းပေါင်း ငါးသောင်း) ရရှိလာပါလိမ့်မယ်။ဒီငွေကို CDM သမားများကိုလည်း ထောက်ပံံ့နိုင်သလို အရေးပေါ်မည်သည့်
    နေရာမဆို အသုံးပြုနိုင်ပါတယ်။ပြည်
    တွင်းမှာ တစ်စောင်တထောင် လူတိုင်းတက်နိုင်သလို ပြည်ပရောက်
    နေတဲ့သူတွေအတွက် ဆယ်စောင်က
    လူတိုင်းတက်နိုင်ပါတယ်။
    ဒါက NUG အစိုးရထံ (15)ရက်တခါ ဝင်နေမဲ့ ဝင်ငွေပါ ။တနည်းအားဖြင့် ပြည်ပရောက်နေတဲ့ မြန်မာပြည်သားများရဲ့ မိမိတို့ အစိုးရကိုအခွန်ဆောင်လို့ရတဲ့ နည်းလမ်းတစ်
    ခု ဖြစ်ပါတယ်။ဒီကိစ္စကို အမြန်ဆုံးနဲ့
    အကောင်အထည် ဖော်ဆောင်ပေးပါ
    ခင်မျာ။NUG အစိုးရအနေနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ဒီထက်ခက်ခဲတဲ့ အရာတွေကိုတောင် လုပ်နိုင်ခဲ့တာမို့ လုပ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။
    ပြည်ပရောက်မြန်မာပြည်သားများ၊ Keyboard fighter များနဲ့
    ပြည်တွင်းက အင်တာနက်အသုံးပြုသူ နွေဦးတော်လှန်ရေး တပ်ဖွဲ့ဝင်အားလုံး မိမိတို့ Facebook မှတဆင့်
    NUG အစိုးရ မြင်အောင် ကြားအောင်း ဝိုင်းပြီး တင်ပေးပါ share ပေးပါ။Copy လုပ်ပြီး တင်ပေးပါ။
    Credit ပေးရန်မလိုပါ။NUG အစိုးရ အနေနဲ့ ကိုယ်ပိုင် ထီဖွင့်ပြီး စစ်အာဏာရူး အုပ်စုရဲ့ အရှိုက်ကို ထိုးစေချင်ပါတယ်။ သူတို့ထီသာ မရောင်းရတာ NUG အစိုးရရဲ့ ထီကရောင်းမလောက်ဘူး ဆိုတာ သိစေချင်ပါတယ်။
    အရေးတော်ပုံ အောင်ရမည်

  5. PDF and Defense Ministry အတွက် PR team နဲ့ PR ကောင်တဲ့ spoke person ဖွဲ့ဖို့ တိုက်တွန်းချင်ပါတယ်။ အစ္မ dkmmm ပြောတာတွေ အရမ်းကောင်းပေမယ့် လူငယ်တွေ စိတ်တက်ကြွလာအောင် အားရှိလာအောင် စကစေတြ စိတ်ကျအောင် အတွက်တော့ ပိုမိုသင့်တောာ်တဲ့ spoke person လိုအပ်ပါတယ်။ ဝန်ကြီး ဒုဝန်ကြီး ကာကွယ်ရေး က တော်တယ် အခြားအရေးကြီးတာတွေ လုပ်ပါ။ PR တိုက်ပွဲအတွက် PR ကောင်းသူ ခန့်ပေးပါ။ ဥပမာ ကိုခိုင်သူခ AA ။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.