အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ကျင်းပ…


အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ကျင်းပ
————————

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ကို ယနေ့ နေ့လည်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပရာ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားခဲ့ရာ ယခုအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရဖြစ်သည့်အတွက် အစိုးရအဖွဲ့ဝင်များအားလုံးပူးပေါင်းဦးဆောင်သည့်အစိုးရပုံစံဖြစ်ခြင်းကြောင့် ယခုထက်ပိုမိုစည်းလုံးပြီး စုစုစည်းစည်းဖြင့် ဆုံးဖြတ်လုပ်ကိုင်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ကာ ပြီးခဲ့သည့်အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော ကိစ္စရပ်များအပေါ် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားရာ မိမိတို့ အမျိုးသားညီညွတ်ရေး
အစိုးရအနေဖြင့် တာဝန်တွေထမ်းဆောင် လာခဲ့ကြတာ ခုဆိုရင် တစ်လကျော်ရှိသွားပါပြီဖြစ်ပြီး တစ်လအတွင်း မိမိတို့အနေဖြင့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်နိုင်ခဲ့သလို လုပ်ဆောင်ချင်ပါလျက် အခြေအနေအရပ်ရပ်ကြောင့် နှောင့်နှေးရတာတွေလည်းရှိကြောင်း
သို့သော်မိမိတို့ ကိုယ်စွမ်းနိုင်သမျှ ကြိုးစားလုပ်ဆောင်ရင်း ပြည်သူတွေအပေါ် နေ့စဉ် စိတ်ရောကိုယ်ပါ ဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်အံတုနေကြသည်မှာ မငြင်းနိုင်တဲ့အမှန်တရားပဲဖြစ်ကြောင်း
တစ်လအတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံအစိုးရတွေနဲ့ဆွေးနွေးလုပ်ဆောင်မှုတွေကလည်း အတိုင်းအတာ တစ်ခုအထိ မိမိတို့အစိုးရအသံတွေကို နိုင်ငံတကာကကြားသိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း
မိမိတို့အတွက် အလွန်စိတ်ထိခိုက်ရတဲ့ကိစ္စတစ်ခုမှာ ချင်းပြည်နယ် မင်းတပ်မြို့လေးရဲ့ကိစ္စဖြစ်ကြောင်းနှင့် အဆိုပါအရေးကိစ္စအတွက်လည်း မိမိတို့ဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန တို့နဲ့နေ့စဉ်တွေ့ဆုံတိုင်ပင်သလို မြေပြင်မှာ လက်တွေ့ရင်ဆိုင်နေရတဲ့ အဖွဲ့အစည်းအသီးသီးနဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီး ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ကူညီပေးနိုင်ဖို့အစီအမံတွေတောက်လျှောက် ဆောင်ရွက်နေခဲ့ကြောင်း
တဘက်က ချင်းပြည်နယ်အရေးကိစ္စကို စီမံဆောင်ရွက်နေကြသလို တဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးရန်ကိစ္စတွေ၊ NUCC အစည်းအဝေးများပြန်လည်ခေါ်ယူနိုင်ရေး ကိစ္စတွေကို စီမံဆောင်ရွက်နေကြောင်း
ဝန်ကြီးများ လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်းများနှင့် ပါတ်သတ်ပြီးလည်း ဆွေးနွေးဖို့တင်ပြလာတဲ့ ဝန်ကြီးဌာနများနှင့် တိုင်ပင်ဆွေးနွေးပြီး အပြီးသတ်ပြင်ဆင်ခဲ့ပြီးပြီးဖြစ်တာကြောင့် ဒီကျင့်ဝတ်စည်းမျဉ်းများကို အတည်ပြုပြီဖြစ်ကြောင်း
မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရမယ့် တိုက်ပွဲ ဝင်အစိုးရဖြစ်တာကြောင့် တချို့အကြောင်းအရာတွေမှာ အခြေအနေတွေပေါ်မူတည်ပြီး ဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေရှိလာရင်လည်း ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့အကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်သွားကြဖို့ တိုက်တန်းခဲ့ကြောင်း သိရှိရပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကာ ဆက်လက်ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကြောင်း သိရပါတယ်။
#SpringRevolution
#PVTV

Like – 6.9K Share – 725

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.