အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး ၇/၂၀၂၁ ကျင်းပပြုလုပ်
————————
အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး ၇/၂၀၂၁ ကို ယနေ့ မေလ ၂၅ ရက် ကဆုန်လပြည့်နေ့မှာ အွန်လိုင်းကတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများနှင့်နှင့်ယဝန်ကြီးများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားရာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ရာတွင် ပြည်သူလူထုက ရှေ့ရောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ နှေးကွေးနေသကဲ့သို့ ၎င်းအနေဖြင့် ခံစားရကြောင်း၊
သို့ရာတွင် ထိုသို့ရှုမြင်ရခြင်းမှာ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူလူထုက မသိရှိခြင်းကြောင့်ဖြစ်သဖြင့် အစိုးရ အနေဖြင့် မိမိတို့
လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်စေရေး ရှင်းလင်းတင်ပြဖို့လိုမည်ဖြစ်ကြောင်း။
မြေပြင်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသော ပြည်သူများသည် စစ်အုပ်စု၏ အဆုံးစွန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် မိမိကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်နေရကြရခြင်းဖြစ်ကြောင်း
သို့ရာတွင် အကြမ်းမဖက်ဆန္ဒပြပွဲများ၊ CDM များ Boycott (သပိတ်မှောက်ခြင်း) တို့ကို ပြည်သူလူထုအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း
ပြည်သူလူထုအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်လုယက်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရခြင်းကြောင့် ၎င်းတို့ကို အောင်နိုင်သည်အထိ တိုက်ပွဲဝင်ကြရန် စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့မြင်ရပြီးဖြစ်ကြောင်း
မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူလူထု၏ အပြည့်အဝထောက်ခံမှုကို ရရှိထားပြီးဖြစ်ခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးတိုက်ပွဲ အနိုင်ရမည်မှာ သေချာကြောင်း
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို ယခုထက်ပိုမိုရရှိနိုင်ရေး ကြိုးပမ်းနေခြင်းကြောင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာမှာ
မိမိတို့ ယခုသီတင်းပတ်အတွင်း မိမိတို့တိုင်းပြည်မှာ ကိစ္စတွေတော်တော်များများ ဖြစ်ပွားပြီး NUG အနေနဲ့လည်း ဖြေရှင်းဆောင်ရွက်ရတာတွေများပါကြောင်း
အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ညှင်းပမ်းနှိပ်စက်နေတာ တရက်မှ လျော့သွားတယ်မရှိသလို ပြီးခဲ့တဲ့ တစ်ပတ်က ချင်းပြည်နယ်ကိစ္စစိတ်ပူရသလို အခု တစ်ပတ်မှာတော့ ကယားပြည်နယ်ကိုစိတ်ပူပန်ရပြန်ကြောင်း
အစိုးရတစ်ရပ်ဖြစ်နေတာကြောင့် မိမိတို့ပြည်သူတွေ ထိခိုက်နေရတယ်ဆိုရင် မိမိတို့လည်း စိတ်မအေးချမ်းနိုင်ပဲ စိတ်အား လူအား ကူညီနိုင်တဲ့ဘက်ကအစွမ်းကုန်ကူညီကြဖို့ အစီအမံတွေအလျင် အမြန်ဆောင်ရွက်ရကြောင်း
လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့လည်း ကယားပြည်နယ်ကို အကူညီပေးနိုင်ရေးအစီအစဉ်တွေ စတင်နေပြီလို့သိရလို့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း
တစ်ဘက်ကလည်း EAOs တွေနဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ စစ်ဘေးရှောင်တွေ၊ CDM တွေ၊ PDF ရဲ့ လိုအပ်ချက်တွေအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကိစ္စ၊ ကာကွယ်ရေးကပြင်ဆင်နေတဲ့ကိစ္စတွေ၊ နိုင်ငံခြားရေးရာ ကိစ္စတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ စဉ်ဆက်မပြတ် စီစဉ်ဆောက်ရွက်နေကြောင်း အသိပေး ပြောကြားလိုကြောင်း
အထူးသဖြင့် အခုလို ကြားကာလအစိုးရအနေနဲ့တာဝန်ထမ်းရွက်ရတဲ့အခါ ကျတော်တို့ရဲ့ ပထမဦးစားပေးအလုပ်က အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြုတ်နိုင်ရေးဖြစ်တာကြောင့် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနများက လျင်လျင်မြန်မြန် သွက်သွက်လက်လက်နဲ အချိတ်အဆက်မိမိ စီမံဆောင်ရွက် နိုင်မှုကတော့ အင်မတန်အရေးကြီးကြောင်း
အခုဆိုရင် NUCC အစည်းအဝေးတွေလည်း ပြန်လည်စတင်နေပြီမို့ အများသဘောတူလက်ခံတဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီးကိုသွားဖို့ အခြေခံကောင်းများဆွေးနွေးတိုင်ပင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း
ပြီးခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုခဲ့တဲ့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ အစည်း အဝေးများကို ဆောင်ရွက်နေပြီဖြစ်သလို ဖက်ဒရယ်ရေးရာကော်မရှင် အစည်းအဝေးကိုလည်း ဆောင်ရွက်ပြီး လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်နေပြီးဖြစ်ကြောင်း
နိဂုံးချုပ်အနေနဲ့ဖြင့် မိမိတို့အစိုးရအနေနဲ့ ပြည်သူကိုနေ့ည မပြတ် ညှင်းပန်းနှိပ်စက် နေတဲ့စစ်ကောင်စီကျဆုံးရေးကိစ္စတွေမှာ မြန်နိုင်သမျှမြန်မြန် ဘက်ပေါင်းစုံက အာရုံစိုက်ပြီးဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
Like – 13K Share – 1578