အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးစာစဉ် အတွဲ(၁) အမှတ…

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးစာစဉ် အတွဲ(၁) အမှတ်(၁) ကို ထုတ်ဝေခဲ့ပြီး အဲဒီ့ စာစဉ်ထဲမှာပါတဲ့ ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rules of Engagement) ကို တင်ဆက်ပေးလိုက်ပါတယ်။

Like – 7K Share – 590

Public Voice Television Facebook

Add your reaction

  1. ဒီစာကို ရေးရင် ဆဲကြတော့မယ် ဆိုတာ သိပါတယ်။ မရေးမဖြစ်မို့ ရေးရတော့မယ်

    PDF ကိစ္စပါ။ PDF မှာ ၂ မျိုးရှိတယ်။ NUG က တည်ထောင်ပြီး စစ်သင်တန်းပေးနေတဲ့ PDF နဲ့ မြို့နယ်အသီးသီးမှာ လူငယ်တွေက ကိုယ့်ဘာသာစုဖွဲ့တဲ့ PDF ဆိုပြီး ၂ မျိုးရှိတယ်။ အားလုံးဟာာ မအလစစ်မိစ္ဆာတွေကို အမြစ်ဖြတ်မယ့် ပြည်သူ့သူရဲကောင်းတွေ ဆိုတာ ငြင်းချက်ထုတ်စရာ မရှိဘူး။ သက်စွန့်စံဖျား ဆောင်ရွက်နေကြတာ အားလုံး အသိပဲ ဖြစ်တယ်။

    မီဒီယာတွေက ရောထွေးရေးကြတယ်။ လူတွေကလည်း ရောထွေးပြီး ပြောဆိုကြတယ်။ ၂ မျိုးကို ကွဲပြားအောင် NUG က ဖွဲ့တဲ့ PDF ကို Gov. PDF ၊ မြို့နယ်လူငယ်တွေ စုပြီး ဖွဲ့တဲ့ PDF ကို Local. PDF လို့ ခေါ်ပါရစေ။

    PDF ဆိုတဲ့ နာမည်တူတယ်။ ရည်ရွယ်ချက် တူတယ်။ စိတ်ဓာတ်လည်း တူတယ်။ ဘာမှ မကွဲပြားဘူး။ ဒါပေမယ့် လုပ်နည်းလုပ်ဟန် မတူကြဘူး။ အဲဒီမှာ ပြဿနာ စတော့တာပဲ။

    Gov. PDF ဟာ professional army တခု ပုံစံနဲ့ စစ်ဥပဒေတွေ၊ နိုင်ငံတကာ ဥပဒေတွေ၊ စံနှုန်းတွေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်လှုပ်ရှားနိုင်ဖို့ အထိ ရည်ရွယ်တယ်။ အစိုးရစစ်တပ်ပဲ။ NUG အစိုးရကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေဆီက လက်နက်တွေဝယ်မယ်။ နိုင်ငံတကာအစိုးရတွေဆီက စစ်ရေး ထောက်ပံ့ငွေတွေ ၊ လူမှုကယ်ဆယ်ရေးထောက်ပံ့ငွေတွေ လက်ခံရမယ်။ ဒီလို လက်နက်ဝယ်တဲ့အခါ ၊ ထောက်ပံ့ငွေတွေ လက်ခံတဲ့အခါ ငွေလွှဲ banking စနစ်ကို ဖြတ်သန်းရမယ်။ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့လို့ သံသယဝင်သွားရင် အဲဒီလမ်းကြောင်းတွေ အကုန်ပိတ်ပြီး ဘာမှ လုပ်မရတော့ဘူး။

    Local. PDF ကတော့ revolutionary army ပုံစံပဲ။ တော်လှန်စစ်လို့ ခေါ်တယ်။ ရဲခေါင်ပျောက်ကြားတပ်တွေပဲ။ သူပုန်တပ်ပဲ။ ရရာလက်နက်ကို စွဲကိုင်ပြီး တွေ့ရာ သင်းချိုင်း ဓားမဆိုင်းပဲ လျှပ်တပြတ် လုပ်ကြံသတ်ဖြတ်ရေးတွေ လုပ်ကြရတယ်။ ဘယ်နိုင်ငံ ဘယ်အစိုးရရဲ့ အသိအမှတ်ပြုတာ မပြုတာ ထည့်မတွက်ဘူး။ အခွင့်အရေးရရင် ရန်သူ့ဒေါက်တိုင်တွေကို တတိတိ ရှင်းပစ်ရင်း အုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီးပစ်ရတယ်။

    (ကောမန့်မှာ ဆက်ဖတ်ပေးပါ)

  2. PDF ….. ( အပေါ် ပို့စ်က အဆက်)

    အဲဒီတော့ လုပ်နည်းလုပ်ဟန်နှစ်ခုဟာ ရည်မှန်းချက်တူတဲ့ ဝိရောဓိ ဖြစ်လာတယ်။ အဲဒါ ပြဿနာပဲ။ Loacal. PDF တွေ သုံးတဲ့ နည်းနဲ့ ဆင်တူတာက AA။ AA က အုပ်ကြီးရှင်း၊ ဒလန်ရှင်းပြီး မအလ ရပ်ကျေးယန္တရားကို ဖျက်ပြီး AA ရဲ့ ပြည်သူ့အုပ်ချုပ်ရေးကို အစားထိုးတာ အောင်မြင်တယ်။ အစိုးရတရပ်၊ အစိုးရတွေရဲ့ စံချိန်နဲ့ တိုင်းတာတော့ အကြမ်းဖက်လုပ်ရပ်လို့ သမုတ်ခံရတယ်။ AA က ရခိုင်အစိုးရဖြစ်လာတဲ့ အခါမှာတော့ မော်ကွန်းဝင်တံဆိပ်တွေ ရကြမှာပေါ့လေ။

    NUG က လွတ်မြောက်နယ်မြေ Gov. PDF တွေကလည်း အဆင်သင့်မဖြစ်သေးဘူး။ Local. PDF ကိုလည်း စစ်သင်တန်းပေးပြီး Gov. PDF တပ်သားတွေ အသွင်ပြောင်းဖို့က ဘယ်လောက်ကြာဦးမယ် မသိဘူး။ Local. PDF တွေကိုလည်း အားပေးချင်တယ်။ ဆက်သွယ်ချင်တယ်။ စီမံချင်တယ်။ အရံအင်အားအဖြစ် ရှိစေချင်တယ်။ ဖြစ်စေချင်တဲ့ စေတနာပဲရှိပြီး လက်တွေ့မှာ “မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဥပဒေ” ကို ပြင်ဆင်ပေးတာကလွဲလို့ တရားဝင် လူသိရှင်ကြား ဘာမှ လုပ်ပေးလို့ မရသေဘူး။

    NUG က ဘာမှသာ မဘာ သေးတာ။ မီဒီယာတွေမှာတော့ PDF ရဲ့ ထိုးစစ် သတင်းတွေ ပျံ့နေပြီ။ ကုလသမဂ္ဂက အကြမ်းဖက်မှုကို သက်ဆိုင်ရာတွေက မလုပ်ကြဖို့ ပြောနေပြီ။ ကုလသမဂ္ဂလူ့အခွင့်အရေးမင်းကြီး ဆိုသူကလည်း ဘုမသိဘမသိနဲ့ PDF တွေက ပြည်သူကို မထိခိုက်အောင် ကာကွယ်ထိန်းသိမ်းဖို့ ပြောပြီ။ မနေ့က NUG သတင်းစာရှင်းလင်းပွဲမှ နိုင်ငံခြားသတင်းထောက်က မန်းလေးနဲ့ ရန်ကုန်မှာ PDF တွေ တိုက်ခိုက်မှုအကြောင်းမေးလို့ ဒေါက်တာဆာဆာက ထိုးစစ်မလုပ်ဘူး လို့ အသည်းအသန်ငြင်းနေရပြီ။ မအလဘက်လည်း စစ်ဖွတ်မီဒီယာကနေ ဝါဒဖြန့်နေပြီ

    ဆိုတော့ ကျနော်တို့ဟာ PDF ကို နှစ်သက်စွာ သုံးရင်း ကိုယ့်ရှူးကိုယ်ပတ်မယ့် အရိပ်လဏ္ခာတွေ တွေ့နေရပြီ။ ဘာလုပ်ကြမလဲ

    အကြံလေး လက်တဆစ်လောက် ပေးနိုင်တာက NUG အစိုးရအနေနဲ့ ၊ မီဒီယာတွေ အနေနဲ့၊ Local. PDF ကို ဒေသန္တရ အရပ်ဘက် ကာကွယ်ရေး အဖွဲ့လို့ ခွဲခြား ခေါ်ဝေါ် ဖြေရှင်းဖို့လိုတယ်။ Local.PDF တွေကလည်း ဖြစ်နိုင်ရင် People Defence ကို Town Defence, City Defence, Civil Defence, ပြည်သူ့ရဲဘော် ၊ ပြည်သူ့ပျောက်ကြား ဆိုတဲ့ နာမည်တွေ ပြောင်းပေးဖို့ မေတ္တာရပ်ခံချင်တယ်။ နိုင်ငံတကာဆက်ဆံရေး, နိုင်ငံခြားရေးဝန်ကြီးတွေကလည်း နိုင်ငံတကာကို အမြဲမပြတ် ရှင်းလင်းပေးဖို့ လိုတယ်။

    အခြား အကြံဉာဏ်များရှိလည်း NUG ကို တိုက်ရိုက် အကြံပေးကြပါ

    ပြည်သူ့ ပျောက်ကြား = People’s Guerrilla
    ပြည်သူ့ရဲဘော် = People’s Comrades
    မြို့ရွာကာကွယ်ရေး = Civil Defence

    ( ဒေသန္တရ အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေ သိအောင် ကူးယူဖြန့်ဝေပေးပါ)

  3. အဆင့်အတန်းရှိလိုက်တဲ့စစ်တပ်
    ဟိုခွေးတပ်နဲ့တော့ကွာပ
    အရေးတော်ပုံမုချအောင်ရမည်

  4. ပြည်သူများက သေ အိုအိမ်စွန်ခွာ ပျက်စီးခံရ မင်းတို့ nug က စာစဉ်ထုတ် လေလှိုင်းအစည်းအဝေးလုပ် ငါ့တို့ပြည်သူ့တွေဒုက္ခရောက်နေတာကို ထိုင်ကြည့်နေပါ

  5. ထာဝရ လေးစားပါတယ် မြန်မာပြည် သူတို့ရဲ့အားကိုးရာအစိုးရNUG

    ပြည်သူကမွေးပြည်သူ့ရဲ့အား PDF

    အားလုံးကျန်းမာရေးကိုဂရုစိုက်ကြပါနော်
    အားလုံးဘေးရန်ကင်းကြပါစေ အသိနဲ့သတိကအရေးကြီးတယ်တရားသောစစ်အောင်မြင်ပါစေ

    စည်းလုံးညီညာအောင်ကြောင်းဖြာဘယ်သူခွဲခွဲဒို့မကွဲအမြဲစည်းလုံးမည်အရေးတော်ပုံအောင်ကိုအောင်ရမည်သွေးသည်ရေထက်ပျစ်သည်ကမ္ဘာတည်သ၍သွေးမကွဲကြေး အကြမ်းဖက်အာဏာသိမ်းအုပ်စုမုချကျဆုံးစေရမည်

    ပြည်သူ့အားနဲ့ရယူမည်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.