အမျိုးသားညီညွတ်ရေးအစိုးရက လူသားချင်းစာနာထောက်ထားရေးအတွက် ထောက်ပံ့ကူညီမှုအဖြစ် ကျပ်ငွေ သန်း ၂၂၃ဒသမ၆၄ ကို ဇူလိုင်လအတွက် အသုံးပြု

အမျိုးသားညီညွတ်ရေးအစိုးရက လူသားချင်းစာနာထောက်ထားရေးအတွက် ထောက်ပံ့ကူညီမှုအဖြစ် ကျပ်ငွေ သန်း ၂၂၃ဒသမ၆၄ ကို ဇူလိုင်လအတွက် အသုံးပြု
ဇူလိုင် ၂၀ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားရေးအတွက် ထောက်ပံ့ကူညီမှုအဖြစ်နဲ့ ကျပ်ငွေသန်း ၂၂၃ ဒသမ၆၄ ကို ဇူလိုင်လအတွက် အသုံးပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို ကူညီထောက်ပံ့ပေးမှုတွေကို ပြုလုပ်ရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ် မယ်ထင်တဲ့နေရာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ အသက်ဆုံးရှုံးရတဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ အကူ အညီလိုအပ်နေတဲ့ မသန်စွမ်းတွေ အပါအဝင် ထိခိုက်လွယ် အုပ်စုတွေ၊ အ ကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေကို ကူညီထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

ထောက်ပံ့ကူညီမှုတွေပြုလုပ်ရာမှာလည်း ဝန်ကြီးဌာနက မိတ်ဆက်အ သီးသီးနဲ့ လက်တွဲချိတ်ဆက်ပြီး အတက်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစားပံ့ပိုးကူညီပေးနေတာဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အတားအဆီးတွေ အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်ကို ရောက်ရှိအောင် စီစဉ်ဆောင် ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စား လှယ်တွေ၊ စေတနာ့ဝန်ထမ်း ပြည်သူတွေနဲ့ ထောက်ပံ့မှု ရန်ပုံငွေအ တွက် လှူဒါန်းပေးကြတဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ရှိတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.