အမျိုးသားညီညွတ်ရေးအစိုးရက ပြည်တွင်း ပြည်ပရောက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်မည်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်တွင်း ပြည်ပရောက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်မည်
ဇူလိုင် ၁၅ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်တွင်း၊ ပြည်ပရောက် ပြည်သူတွေနဲ့တွေ့ဆုံပွဲ (Global Virtual Meeting) ကို ဇူလိုင် ၁၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ပြည်သူလူထုနဲ့အတူ နိုင်ငံတကာမှ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံပံ့ပိုးပေးနေတဲ့ အဖွဲ့ အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားနေသူတွေ စုစည်းပြီးတော့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို နှစ်ချိန်ပိုင်းပြီး ပြုလုပ်မှာဖြစ်ပြီးတော့ ပထမ ဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော် ချိန် နံနက် ၇ နာရီ ၃၀ မိနစ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအချိန်က အာရှပစိတ်ဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက်အတွက် ရည်ရွယ်ပြီး ပြုလုပ်တာပါ။ (တက်ရောက်ရမယ့် Zoom Link Topic: Public Meeting with NUG Leaders – Session 1 Time: Jul 17, 2022 07:30 AM Rangoon ၊ Join Zoom Meeting https://us06web.zoom.us/j/83688011723 ၊ Meeting ID: 836 8801 1723 ၊ Passcode: 309673)

ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ် မှာပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအချိန်က ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက် အမေရိက ဒေသအတွက် ရည်ရွယ်ပြုလုပ်တာပါ။ (တက်ရောက်ရ မယ့် Zoom Link Topic: Public Meeting with NUG Leaders – Session 2 ၊ Time: Jul 17, 2022 08:30 PM Rangoon
Join Zoom Meeting ၊ https://us06web.zoom.us/j/87029075674 ၊ Meeting ID: 870 2907 5674 ၊ Passcode: 192757)

တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီကတော့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေ၊ ပြည်တွင်း/ပြည်ပ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး အကျိုးသက်ရောက်မှုတွေနဲ့ ရန်သူ့အခြေအနေတွေကို ရှင်းလင်းဆွေးနွေးဖြေကြားနိုင်ဖို့အတွက် စိတ်ပါဝင်စားသူအားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

တက်ရောက်လာသူတွေမေးမြန်းချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝမ်းမြောက်စွာနဲ့ ကြိုဆိုနေမှာဖြစ် ပြီးတော့ မိမိတို့ သိလိုတဲ့ အကြောင်းအရာတွေကို ဇူလိုင် ၁၅ ရက် (ဒီနေ့) သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး [email protected] ကို မေးခွန်းတွေ ပေးပို့ဖို့အတွက်လည်း တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီက မေတ္တာရပ် ခံထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.