အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) တို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ၆၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) တို့ ဒီနေ့နေ့လည့်မှာအွန်လိုင်းမှတဆင့် တွေ့ဆုံပြီး လက်ရှိလက်တွဲလုပ်ဆောင်နေတဲ့ဆောင်ရွက်ချက်တွေနဲ့ ဆက်လက်ပြီးပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီကို ဖွဲ့စည်းပြီး လက်ရှိ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေးတစ်ရပ်ထူထောင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာလဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews