အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရဲတပ်ဖွဲ့ ရုံး/ဌာနတွေ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာထုတ်ပြန်
ဇူလိုင် ၁ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်သူ့ရဲတပ်ဖွဲ့ ရုံး/ဌာနတွေ ဖွဲ့စည်း ကြောင်း အမိန့်ကြေညာစာကို ဇွန် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့က “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” နဲ့အညီ ရဲချုပ်ရုံး၊ ဒုတိယရဲချုပ်ရုံး၊ ရဲဦးစီးချုပ်ရုံး၊ ရဲရေးချုပ်ရုံး၊ ရဲထောက်ချုပ်ရုံး၊ ရဲလေ့ကျင့် ရေးဌာနကြီး ၊ မှုခင်းတပ်ဖွဲ့၊ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဌာနကြီး ၊ သတင်းတပ်ဖွဲ့၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီး၊ မြို့နယ်ရဲတပ်ဖွဲ့များ/မြို့နယ်ရဲစခန်းတွေကို ဖွဲ့စည်းခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုဝန် ဦးလွင်ကိုလတ် အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။