အမျိုးသားညီညွတ်ရေးအစိုးရ ၅၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ နားလည်မှုလွဲတာရှိရင် ချက်ခြင်းဖြေရှင်းဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
မေ ၂ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တော်လှန်ရေးအင်အားစုတွေနဲ့ နားလည်မှုလွဲတာ ရှိရင်ချက် ခြင်းဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။
၅၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူလူထုတရပ် လုံး ပြင်း ပြင်းထန်ထန်ကန့်ကွက်နေတဲ့ စစ်အုပ်စုမှ ဖော်ဆောင်မယ် ရွေးကောက်ပွဲ လုပ် ငန်းစဥ် ထဲ လုံးဝမပါဝင်ဖို့ အရေးကြီးပါကြောင်း၊ အာဏာရှင် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ကြောင်း၊ ချမှတ်ထားတဲ့ ကတိများ တည်မြဲမှာ မဟုတ်ပါကြောင်း၊ နှစ် ၇၀ ကျော်ကြာ အတွေ့အကြုံများကို သတိရလျက် အချိန်တိုအတွင်း ကမ်းလှမ်းမျှဝေသည့် ကတိကဝတ်များကို အထူးသတိထား ရှောင်ရှားကြဖို့ သတိချပ်စေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင် မည့် ကတိကဝတ်များ အ ကောင်အထည်ဖော်နိုင်ဖို့ အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း ကတိကဝတ်တွေ လက်တွေ့အကောင်အထည်ဖော်လာနိုင်ဖို့ မဟာအတားအဆီးဖြစ်တဲ့ အာဏာရှင် စစ်အုပ်စုကို ဖယ်ရှားရမည်ဖြစ်ကြောင်း၊ အ တွက် တိုင်းပြည်ရဲ့ ရှေ့ရေးပန်းတိုင်ကို မျှော်ကိုးလျက် အတူဝိုင်းဝန်း တည် ဆောက်ကြရမှာဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းများစွာနဲ့ အပစ်မဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်ဖို့ စနစ်တကျ စီစဥ်နေခဲ့တာ တွေ့ရကြောင်း ပျူစောထီးများကို စုဖွဲ့စေချင်း၊ သွေးသောက်အဖွဲ့ကို စုဖွဲ့က ရက်စက်စွာ သတ်ဖြတ်စေခိုင်းနေမှုတွေနဲ့ အခုဆို ပြည်သူ့စစ်များလိုက်စုဖွဲ့နေပြီး ပြည်သူအချင်းချင်းကြား သတ်ဖြတ် သွေးထွက်သံယိုမှု တိုင်းပြည်နစ်နာမည့်အရာကို ဆောင်ရွက်နေတာ တွေ့ရကြောင်း၊ စကစရဲ့ ရက်စက်ကြမ်း ကြုတ်မှုများကို အားလုံးအထူးသတိပြုရမှာ ဖြစ်ကြောင်း ယာယီသမ္မတက အစည်းအဝေးမှာ ပြောကြားခဲ့ပါ တယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အပေါ်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းပေး ကြဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနတွေကို တိုက်တွန်းလိုပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးတွေမှာ အလုပ်တွေများပြီး အချိန် နည်းတယ်ဆိုတာလည်း ကောင်းကောင်း သိပါတယ်။ နောက်ကပံ့ပိုးကူညီနိုင်မယ့် လူသားအရင်းအမြစ်ကလည်း အကန့်အသတ် ရှိတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း အခက်အခဲတွေကြားကနေပဲ ဆက်လက်ပြီး ကြိုးကြိုးစားစား အားထုတ်ပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ တော်လှန်ရေးမှာ အချိန်တိုင်း၊ နေ့ရက်တိုင်းက အရေးကြီးနေတာကြောင့် အချိန်မီတုံ့ပြန်ဖို့ လိုအပ်တာ တွေ၊ ဖြေရှင်းဖို့ လိုအပ်တာတွေအတွက် အချိန်မဆိုင်းဘဲ စီမံဆောင်ရွက်မှသာ ကျွန်တော်တို့ပန်းတိုင်ကို မြန်မြန်ရောက် နိုင်မှာဖြစ်ပါတယ်။” လို့ ပြောကြား လိုက်တာပါ။
ဒါအပြင် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက်လည်း ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင် ငံက သတင်းမီဒီယာတွေက လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက်ဖိနှိပ်ခံနေရတယ်လို့ ပြောကြားခဲ့ ပါတယ်။
သတင်းမီဒီယာသမား (၃) ဦးက စစ်မြေပြင်နဲ့ ၊ဖမ်းဆီးခံရစဉ်စစ်ကြောရေးမှ ကျဆုံးခဲ့ရသလို သတင်း သမား ၁၆၆ ဦးထက် မနည်းဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲက ၅၀ ကျော်ကတော့ လက်ရှိမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရဆဲလို့ ပြောကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အကောင်အထည် ဖော်နိုင်အောင်ကြိုးစားနေတယ် ဆိုတာနဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့ အတူတကွ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် ပြုတ်ကျနိုင်ရေး အတွက် တက်ညီလက်ညီ ဆက်လက် တိုက်ပွဲ ဝင်သွားပါမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားထားပါ သေး တယ်။
အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကိုဥပဒေနဲ့အညီ ရောင်းချနိုင်ရေး အတည်ပြုချက်ရယူရေးကိစ္စ၊ ပညာရေးဝန်ကြီးဌာန က ကြားကာလပညာရေးအခြေအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာ တွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သလို ယာယီသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။