အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ၁၉ ဗဟုသုတစင်တာနဲ့ တယ်လီကျန…


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ၁၉ ဗဟုသုတစင်တာနဲ့ တယ်လီကျန်းမာအွန်လိုင်းဆေးခန်းဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ကိုဗစ်ရောဂါအပါအဝင် ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ သတင်း
ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗကသ ခေါင်းဆောင်ဟောင်း ဦးလှရွှေ ကွယ်လွန်သွားတဲ့ သတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တောင်းဆိုမှု အပေါ် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း ပြသတဲ့အနေနဲ့ ဦးကျော်မိုးထွန်း အပါအဝင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ ပြန်လည်ပေါ်ပေါက်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ လူမှုအသိုင်းဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံ သွားမယ်လို့ အမေရိကန်အစိုးရက တုန့်ပြန်ပြောဆိုလိုက်တဲ့သတင်း စတဲ့သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 3.7K Share – 278

Public Voice Television Facebook

Add your reaction

  1. ဆရာကြီးတို့ရေ မြေပြင်မှာတော့ အောက်စီဂျင်ပြသနာအတော်တက်နေကြပြီဗျာ ကူညီနိုင်တာများရှိရင်ကူညီကြပါ

  2. ▪️ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ အကုန်သေမှ ပြစ်မှု မြောက်တာ မဟုတ်ဘူး။

    ▪️ ရည်ရွယ်ချက် ရှိရှိမရှိရှိ လူမျိုးသုဉ်းစေတဲ့ အလုပ်ကို လက်တဆစ်လောက် လုပ်မိရင်တောင် ပြစ်မှုမြောက်တယ်

    ▪️ မအလဟာ လူမျိုးသုဉ်းစေမယ့် ကိုဗစ်စစ်ဆင်ရေး ကို လက်တလုံးခြား လုပ်ပြီး … အခြေအနေ ဆိုးရွားလာတဲ့ အခါ ကမ္ဘာ့က လက်ပိုက် မကြည့်ရက်လို့ ကယ်တင်မယ်ဆိုရင် … သူ့ကို တရားဝင် အသိအမှတ်ပြုမှ ဝင်ခွင့်ပေးမယ် ဆိုတဲ့ … အချိုးချိုးနေတယ်

    ▪️ ကမ္ဘာက ကယ်ဆယ်ရေး အကူအညီတွေ လာရင် (၁) စားနပ်ရိက္ခာ ပစ္စည်းကိရိယာ ဆိုရင် စစ်တပ်အတွက်၊ (၂) ဒေါ်လာငွေကြေး ဆိုရင် လက်နက်ဝယ်ဖို​့ နဲ့ သူ့သားသမီးကုမ္ပဏီအတွက် အဆီတထပ် အသားတထပ် ခွဲတမ်း ချပြီး ၊ အရိုးအရင်းကို ပြည်သူအမည်ခံ ဖွတ်တွေကို ပေးပြီး ဟန်ပြ ဓာတ်ပုံရိုက်ပါမယ်

    ▪️ ပြည်သူတွေအနေနဲ့ မအလ လုပ်ကွက်ကို တန်ပြန် ဖျက်ဆီးနိုင်ဖို့ မအလရဲ့ ကိုဗစ် စစ်ဆင်ရေးမှာ ဒုတိယလှိုင်းနဲ့ မတူပဲ ပြည်သူတွေကို မတရား အလုပ်ခံနေရတာ၊ စစ်တပ် အတွက် လုယူသုံးစွဲနေတာ၊ အာဏာ အလွဲသုံးစားလုပ်လို့၊ စီမံခန့်ခွဲရေး အလွဲသုံးစားလုပ်လို့ ရောဂါပိုး ကူးစက်ပျံ့ပွါးလာတာ ၊ တားဆီးပိတ်ပင် / နှောင့်နှေးကြန့်ကြာလို့ အသက်ဆုံးရတာ၊ အခြေခံလူ့အခွင့်အရေး နဲ့ ဆေးကုသခွင့် ၊ ဝယ်ယူခွင့်၊ သုံးစွဲခွင့်ကို အကြောင်းတမျိုးမျိုးပြပြီး လိမ်လည် / လှည့်ပတ် / အချိန်ဆွဲ ခံရတာ၊ အခက်အခဲတွေ ကြုံတွေ့နေတာ .. တွေကို ….. နေ့စွဲ၊ နေရာ အတိအကျနဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်း၊ ကြေညာစာ ၊ ကိုယ်တွေ့ ဖြစ်ရပ်.. တွေကို CRPH, NUG နဲ့ ဒေါက်တာဆာဆာ ဆီကို အမြန်ဆုံး ပို့ပေးကြပါ

    (ကူးယူဖြန့်ဝေပေးပါ)

  3. worst case scenario အဆိုးဆုံး- အဆုံးစွန်ဆုံး တွေးကြည့်ရအောင်

    ▪️ ပြည်သူ့ မဲ/ အာဏာ က ဆင်းသက်လာတဲ့ CRPH ကို ဒေါ်စု မပြောနဲ့ သိကြားမင်း ဆင်းလာပြီး ဖျက်တောင် မပျက်ဘူး

    ▪️ ရွေးကောက်ပွဲ ပြန်လုပ်တာ လက်ခံရင် ဖေဖော်ဝါရီ ၁ ရက်နေ့ ထဲက မအလက အာဏာမသိမ်းပဲ၊ ဦးဝင်းမြင့်က အရေးပေါ် အာဏာလွှဲ ပြီးနှင့်ပြီ။ ရွေးကောက်ပွဲ ပြန်လုပ်တာ လက်ခံရင် NLD မဲခိုးပါတယ်လို့ ကမ္ဘာက ထင်သွားမယ်။ NLD သမိုင်း ကျဆုံးခန်း ဖြစ်သွားမယ်။ ဒါကြောင့် ဘယ်တော့မှ မဲပေးတဲ့ ပြည်သူကို စော်ကားတာမျိုး NLD မလုပ်ဘူး။ လုပ်လို့လည်း မရဘူး

    ▪️ CRPH နဲ့ NUG ကို ဒေါ်စုက ခန့်တာ မဟုတ်ဘူး။ ဒေါ်စုကို CRPH က အတိုင်ပင်ခံ ခန့်တာ။ ဒေါ်စု လမ်းချော်ရင်၊ ဒေါ်စုရဲ့ အတိုင်ပင်ခံ လုပ်ပိုင်ခွင့်ကို လျော့ချဖို့ CRPH မှာ အာဏာရှိတယ်.. နောက်ဆုံးအဆင့်… ဒေါ်စုမပါလည်း ၊ CRPH , NUG နဲ့ PDF က အရှေ့ကိုပဲ ဆက်တိုးနေမှာပဲ။

    ▪️ CRPH နဲ့ NUG ကို NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက တရားဝင် ထောက်ခံချက် ထုတ်ပြန်ထားတယ်။ ဒေါ်စု တယောက် ဆန္ဒနဲ့ upside down ဇောက်ထိုးပြောင်းပြန် လုပ်လို့မရဘူး။ NLD သမိုင်း ရိုင်းလို့ မရဘူး.. နောက်ဆုံး အဆင့်.. ဒေါ်စုကို သခင်ကိုယ်တော်မှိုင်း ၊ ဦးတင်ဦး၊ ဦးဝင်းတင် တို့လို နာယက နေရာမျိုး ထားဖို့ရှိတယ်။

    ▪️ ဒေါ်စု အကျဉ်းစံ သက်တမ်းတလျောက် ဘယ်တော့မှ တဦးတယောက်ထဲ ဆုံးဖြတ်ချက် မချဘူး။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ ပထမဆုံး တွေ့ဆုံပြီး အခြေအနေအရပ်ရပ်ကို မေးတယ်။ ဆွေးနွေးတယ်။ တဖက်ကို ယေဘုယျဆန်တဲ့ အကြောင်းပြန်ကြားချက်ပဲ ပေးတယ်။ တိတိကျကျ ဆုံးဖြတ်ချ​က် မထွကိဘူး။

    ▪️ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မဝင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်တာပါ။ ၂၀၀၈ ခြေ/ဥ ပြင်/သစ် လမ်းကြောင်းကို ပါတီညီလာခံ လုပ်ပြီးမှ ဆုံးဖြတ်တာပါ။ CRPH နဲ့ ပက်သက်တာကို ပါတီ ညီလာခံတင်မကဘူး ပြည်ထောင်စူလွှတ်တော်ပါ ခေါ်ပြီးမှ ဆုံးဖြတ်ရမှာပါ။ CRPH ဟာ ရွေးကောက်ပွဲ အနိုင်ရ NLD တခုထဲ မဟုတ်ဘူး ။ ကယား၊ ကချင်၊ တအောန်းပါတီတွေလည်း ပါဝင်နေတယ်။

    ▪️ မအလ နဲ့ ဒေါ်စူ အကြား ဆက်ဆံရေးဟာ အရမ်း ဆိုးရွားနေတယ်။ မအလ အာဏာသိမ်းခါနီး မိုးမြင့်ထွန်းက ဒေါ်စုကို ဟိန်းဟောက်တယ်။ ကျော်တင့်ဆွေ သေးထွက်ကျတယ်။ မအလဟာ ဒေါ်စုကို အမှုပေါင်းများစွာ လုပ်ကြံတရားစွဲတယ်။ ထပ်တိုး အမှုတွေ ထည့်နေတုံးပဲ။ ပါတီကို ဖျက်ပစ်မယ်လည်း ခြိမ်းခြောက်နေတယ်။ (ဒေါ်စုက စောက်ဂရုမစိုက်ဘူး။ ပြည်သူရှိရင် ပါတီရှိတယ် လို့ ပြောတယ်) မအလ- ဒေါ်စု ဆက်ဆံရေးဟာ သန်းရွှေ-ဒေါ်စုထက် ဆိုးရွားတယ်။ လက်ခုပ်ထဲက ရေမို့ မအလက တွေ့ချင်တဲ့ အချိန် တွေ့မယ်။ ဒါပေမယ့် ဒေါ်စုကို ဒီလို စောက်ချိုးမျိုးနဲ့ ညှိလို့ မရ ဘူး။ ( ဒေါ်စုက ပြည်သူတွေ ညီညွှတ်ကြ၊ စိတ်ဝမ်းမကွဲနဲ့၊ မအလ ဂျင်းကို မစားနဲ့ လို့ ပြောတယ်)

    Min Thit

    https://www.facebook.com/100045961758204/posts/364538358421553/

    ===
    ဒေါ်စု တယောက်ထဲ ဆုံးဖြတ်ချက်မချတဲ့ သမိုင်းအချက်အလက် ဓာတ်ပုံကို ဒီမှာ ကြည့်ပါ (၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ချက်)
    👇
    RFA မူရင်းလင့်ခ်

    https://www.rfa.org/burmese/news/nld-by-election-10292011113633.html

    ၂၀၁၀ ကလည်း NLD ဖျက်သိမ်းခံရဖူးတာပဲ ။ ဒီမှာ ကြည့်ပါ
    👇

    https://www.bbc.com/burmese/burma/2010/09/100914_nld_dissolved

    ——-

  4. လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ မအလကိုဗစ် ဇီဝစစ်ပွဲ
    ===================
    မအလဟာ ကိုဗစ်ကို သုံးပြီး ပြည်သူအပေါ် ဇီဝစစ်ပွဲ တရပ်ကို စနစ်တကျ စီမံချက်ချပြီး ဆင်နွဲခဲ့တာပါ။ ဆင်နွှဲ နေပါပြီ

    ရည်ရွယ်ချက်။ ။ တော်လှန်ရေးဟာ ပြည်သူကို အခြေခံပါတယ်။ အခြေခံ ဖြစ်တဲ့ ပြည်သူတွေကို ကိုဗစ် နဲ့ နပန်းလုံးခိုင်းထားတာပါ

    စီမံချက် ။ ။

    ၁။ NLD အစိုးရ စီစဉ်ခဲ့သော ကိုဗစ်ကာကွယ်ဆေးများကို အလွဲသုံးစားပြုခြင်း။

    ၂။ ကျန်းမာရေး ဝန်ထမ်းများကို သတ်ဖြတ်၊ ဖမ်းဆီး၊ ဝရမ်းကပ်၊ ဆမ သိမ်း ခြင်း။

    ၃။ ဒုတိယလှိုင်းတွင် NLD အစိုးရ စီစဉ်ခဲ့သော ကိုဗစ် ကုသရေး facility များကို စစ်တပ်က သိမ်းယူခြင်။

    ၄။ အခမဲ့ CDM ဆေးရုံ၊ ဆေးခန်း များ ဖျက်ဆီး သိမ်းဆညိး ပိတ်ပင်ခြငိး

    ၅။ ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့များ၏ ရန်ပုံငွေများကို အဓမ္မသိမ်းယူခြင်း။ ပရဟိတအဖွဲ့ဝင်များကို သတ်ဖြတ် ဖမ်းဆီး ဝရမ်းကပ်ခြင်း

    ၆။ ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့ရုံးများ၊ ကယ်ဆယ်ရေးပစ္စည်းများ ၊ ကားများကို ဖျက်ဆီး၊ သိမ်းဆည်းခြင်း

    ၇။ mobile banking စနစ်ကို ဖျက်ဆီးပစ်ပြီး ဘဏ်တွေ၊ ရပ်ကွက်ရုံးတွေ၊ အခွန်ရုံးတွေ၊ မီတာရုံးတွေမှာ လူကိုယ်တိုင် တန်းစီစေခြင်း။

    ၈။ ဘုရားစေတီများ ဖွင့်လှစ်ခြင်း၊ ဈေးများ အတင်း ဖွင့်ခိုင်းခြင်း၊ တံတား နာမည်ပြောင်းပွဲ စသော လူစုလူဝေးများတွင် မအလများသည် mask မတပ်ပဲ ကျင်းပခြင်း၊

    ၉။ ကိုဗစ်တွေ အိမ်နီးချင်းနိုင်ငံတွေမှာ ဦးမော့လာချိန်မှာ ကျောင်းများပြန်ဖွင့်ပြီး၊ မိဘ၊ဆရာ၊ကျောင်းသားများကို ဖိအားပေးကာ ကျောင်းတက်စေခြင်း။

    ၁၀။ ကလေးသူငယ်များသည် ရောဂါလက္ခာမပြပဲ တိတ်တဆိတ် ပိုးဖြန့်ဖြူးသူ silence carrier တွေ ဖြစ်တတ်တဲ့ သဘာဝကို ဖုံးကွယ်ထားပြီး ကျောင်းတွေကို အဓမ္မ ဖွင့်ခိုင်းတယ်။ ကိုဗစ်ဟာ ကလေးသူငယ်တွေမှာ မဖြစ်ပွါးလို့ ကျောင်းတက်ပါ ဟု အကြံဆိုးပေးခြင်း၊ ကျောင်းဝန်းထဲ ပြင်ပက စစ်သားများ ဝင်ထွက်သွားလာစေခြင်း။ ကျောင်းဖွင့်ပြီး မကြာခင် outbreak ဖြစ်ခြင်း။

    ၁၁။ ရောဂါလက္ခဏာပြနေသူများကို ဆေးရုံ ဆေးခန်းများက လက်မခံပဲ ပြန်လွှတ်ခြင်း။

    ၁၂။ ကိုဗစ်ပိုး စစ်ဆေးပေးသော်လည်း ပိုးတွေ့လူနာများကို ဆေးရုံတွင် ကုသမှု မပေးခြင်း

    ၁၃။ ပြည်သူများက အိမ်တွင် မိမိဘာသာ ကုသရန် အောက်ဆီဂျင် ဝယ်ယူခွင့် မပေးခြင်း

    ၁၄။ အောက်ဆီဂျင် ဝယ်ယူခွင့်ကို အဆင့်ဆင့် ကန့်သတ်ထိန်းချုပ်ထားခြင်း

    ၁၅။ ကိုဗစ်ရောဂါဖြင့်သေဆုံးမှုကို ထိန်ချန်ကာ သေစာရင်းတွင် အခြားရောဂါထည့်သွင်းခြင်း

    ၁၆။ ပြည်ပမှ ကိုဗစ် ကာကွယ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ခြင်း။

    ၁၇။ အရည်အသွေး မမှီသည့် ကာကွယ်ဆေးများ ဝယ်ယူ ထိုးနှံပြီး ဆေးထိုးပြီးသူများသည် ယုံကြည်ချက်အမှား ဖြင့် mask မတပ်ပဲ၊ ပြည်သူ များအတွင်း ပေါ့ပေါ့ဆဆ လှည့်လည်ကာ ရောဂါလက္ခဏာ မပြသည့် ပိုးသယ်ဆောင်သူများ slience carrier ဖြစ်လာခြင်း။

    ၁၈။ အကျဉ်းထောင်များတွင် လူပေါင်း ထောင်ချီ ထည့်သွင်းကာ ကိုဗစ် ပျံ့နှံစေပြီး နိုင်ငံရေး အကျဉ်းသားများ နှင့် ပြန်လွှတ်သူများနှင့် မိသားစုများကို ကူးစက်စေခြငိး

    စတာတွေဖြစ်ပါတယ်။

  5. #We Need R2P inMyanmar.
    #We Support CRPH.
    #We Stand with NUG.
    #We Stand with Dr SaSa.
    #We Stand with UKyawMoeHtune.
    #WeNeed Intervention in Myanmar.
    #Respect Our Votes.
    #Reject Military Coup.
    #We Support CDM.
    #How Many Dead Body Need For UN to take Action.
    #What Happening in Myanmar.

  6. အွန်လိုင်းပေါ်ကဝန်ဆောင်မှုပေးနေတယ်ဆိုတော့အောက်စီဂျင်ကိုအွန်လိုင်းပေါ်တက်ရှူရမှာလား?ကမကလတွေ –😂😂😂😂😂😂😂😂😂

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.