အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး နော်စူဇန်နာလှလှစိုးကို Free Burma Ranger က ရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ပေးအပ်
မတ် ၁၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နော်စူဇန်နာလှ လှစိုးကို Free Burma Ranger က ရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ကို ပေးအပ်လိုက်ပါတယ်။
Free Burma Ranger က နော်စူဇန်နာလှလှစိုးအနေနဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ပြည်သူတွေနဲ့ အတူရှိနေပြီး မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်မှုမှာ ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့လို့ အခု လို ရဲစွမ်းသတ္တိ ရွှေတံဆိပ် (FBR Gold Medal) ကို ချီးမြင့်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
နော်စူဇန်နာလှလှစိုးက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၀၆,၁၄၄ မဲ (၇၁.၇၅ ရာခိုင်နှုန်း) နဲ့ အနိုင်ရခဲ့သူပါ။
မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်နဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်တို့ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သလို ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့ (KWAG) မှာလည်း အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။