အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုဝန်ကြီးတွေနဲ့ စစ်ကိုင်း၊ မကွေးတို့က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အစည်းအဝေးပြုလုပ်
မတ် ၁၃ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီးတွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အကြား တွေ့ဆုံးအစည်းအဝေးပြုလုပ်မှုကို မနေ့က (မတ် ၁၂)က အွန်လိုင်းကနေ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဖြစ်သူ ခူးထဲဘူးနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးတို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက အုပ်ချုပ်ရေး ကိစ္စရပ်တွေ၊ ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခွန်ငွေ ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါအစည်းအဝေးကို နယ်မြေတာဝန်ရှိတဲ့ပုဂ္ဂိုလ် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ အစည်းအဝေးကို ပြီးဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။