အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေပူးပေါင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွားထိုးကြီးက တိုက်တွန်း
မတ် ၁၁ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူပေါင်းပါဝင် ပေးကြဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွားထိုးကြီး (Natogyi People Defence Force ) က မေတ္တာရပ် ခံတိုက် တွန်း ထားပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲမှာရှိတဲ့ နွားထိုးကြီး (Natogyi People Defence Force ) က “ကျွန်တော်တို့ PDF အဖွဲ့များအနေဖြင့် NUGအစိုးရရဲ့စီမံကွပ်ကဲမှုများနဲ့ ထောက်ပံ့မှုများကို ရရှိပါတယ်။ NUG အစိုးရသည်လည်း PDF အဖွဲ့များမရှိလို့မဖြစ်သလို PDF အဖွဲ့များသည်လည်း NUG အစိုးရမရှိလို့မဖြစ်ပါဘူးဗျာ တော်လှန် ရေးကြီးအမြန်ပီးစီးဖို့ စည်းစည်းလုံးလုံးရှိနေဖို့လိုအပ်ပါတယ်” ဆိုပြီး သူတို့ပေ့ချ်မှာ တရားဝင်ရေးသားခဲ့ပါတယ်။
ဒါအပြင် ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့တွေ များပြားလွန်းတဲ့အတွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရန်ပုံငွေတွေ လိုအပ်နေပြီး မိဘပြည်သူတွေအနေနဲ့ ထည့်ဝင်ပေးကြဖို့ မေတ္တာရပ်ခံထားတာလည်းတွေ့ရပါတယ်။
တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာနရဲ့ ချိတ်ဆက်ကွက်ကဲမှုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေပြီး မြေပြင်ရှိ တပ်ရင်းတွေရဲ့ အသုံးစားရိတ်တွေကို ထောက်ပံ့ပေးနေတာပါ။
အဲဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ကူညီကြဖို့အတွက် နွားထိုးကြီး (Natogyi People Defence Force ) က မေတ္တာရပ်ခံတိုက်တွန်းထားတာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။