အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၅/၂၀၂၁) ကျင်းပခဲ့တဲ့ သတင်း…


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၅/၂၀၂၁) ကျင်းပခဲ့တဲ့ သတင်း
အင်းစိန်ထောင်မှာ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း COVID19ရောဂါပိုးကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့မှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့တဲ့သတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေတာကြောင့် မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးအခြေအနေတွေ အလွန်ဆိုးဝါးလာနေပြီး ကပ်ရောဂါတုံ့ပြန်ရေးမှာ အားလုံးပါဝင်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း
ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်စက်များရှေ့မှ အနောက်ဘက် မမြင်ကွယ်ရာမှာ သွားရောက်စုပုံထားပြီး သုဿာန်မှာလုပ်ငန်းတွေပုံမှန်လည်ပတ်နေဟန်ဖန်တီးပြီး အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီရုပ်သံက လိမ်လည် ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ သတင်း
ကုလသမဂ္ဂ UNHCR ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးအကူအညီတွေ ပို့ဆောင်ပေးတဲ့ ယာဉ်တန်း ချင်းပြည်နယ် မင်းတပ်မြို့ကို မနေ့က ရောက်ရှိလာပြီး ဒီကနေကစတင်ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စတင်ဖြန့်ဝေနေပြီဆိုတဲ့ သတင်း တို့ကို နားဆင်ကြရမှာဖြစ်ပါတယ်။
#SpringRevolution
#PVTV

Like – 6.7K Share – 491

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.