အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၄၆ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှု ပြုလုပ်နေတဲ့ ပြည် ထောင်စု ရွေးကော်ပွဲကော်မရှင် က Non CDM ဝန်ထမ်း ဦးစီးအရာရှိနဲ့အထက် အရာရှိ ၂၁ ဦးကို ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းအမိန့်နဲ့ အမည်ပျက် စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြ ပြီး အဓိကတာဝန်ရှိသူတွေ ဖြစ်သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများနဲ့ ကိုက်ညီမှု မရှိခဲ့သော တရားမဝင်စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက် ခြင်း၊ ငြင်းပယ်ခြင်း မရှိဘဲ ဆက်လက်တာဝန် ထမ်းဆောင်နေတဲ့အတွက် အမည်ပျက်စာရင်း သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူးချုပ်၊ ဒုညွှန်ကြားရေးမှူးချုပ်၊ ညွှန် ကြားရေးမှူး ၅ ဦး၊ ဒုညွှန်ကြားရေးမှူး ၂၉ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၁၀၈ ဦး၊ ဦးစီးအရာရှိ ၁၀၂ ဦး စုစု ပေါင်း ၂၄၆ ဦးတို့ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီး ဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူ လုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်