အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်ပေါင်း ၅သောင်းနီးပါး ရောင်းချထားတယ်လို
ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ရောင်းနေတဲ့ ငွေတိုက်စာချုပ်တွေကို ဖေဖော်ဝါရီ ၁၂ ရက်အထိ စာချုပ် ပေါင်း ၅သောင်းနီးပါးရောင်းချထားပြီးဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်အထိ ထုတ်ဝေရောင်းချပြီးခဲ့တဲ့ ငွေတိုက်စာချုပ်ပေါင်းက ၄၇၈၂၂ ဖြစ်ပြီးတော့ ယနေ့အချိန်ထိ ငွေတိုက်စာချုပ်များထုတ်ဝေရောင်းချနိုင်ရန်အတွက် အခက်အခဲတွေ၊ စွန့်စားရမှုတွေ ရှိနေတဲ့ တိုင်အောင် ကျရာနေရာမှ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဖက်တွေဖြစ်တဲ့ ရောင်းချပေးတဲ့သူတွေ၊ စီစဉ်ပေးသူ တွေ၊ ဝယ်ယူသူတွေနဲ့ ကူညီပံ့ပိုးသူတွေ အားလုံးဟာ တော်လှန်ရေးစာမျက်နှာတွေမှာ သမိုင်းတွင်နေမယ့်သူတွေ အဖြစ်မှတ်တမ်းကျန်နေမှာလို့လည်း ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းရော နိုင်ငံတကာမှာပါ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေ ဖြည့်ဆည်းနိုင်ရန် နည်းလမ်းအမျိုး အမျိုးနဲ့ ကြိုးစားရှာဖွေခဲ့ကြရာမှာငွေတိုက် စာချုပ်ထုတ်ဝေရောင်းချတာက တော်လှန်ရေးရဲ့ အရေးအပါဆုံး အခန်းကဏ္ဍတစ်ခုဖြစ်လာနေပါတယ်။
ငွေတိုက်စာချုပ် မဝယ်ရသေးသူများအနေနဲ့လည်း တိုင်းပြည်ကို အာဏာရှင်လက်က ပြန်ပြီးတိုက်ယူနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ငွေတိုက်စာချုပ်များကို ဝယ်ယူကြခြင်းဖြင့် မိမိတို့ ပူးပေါင်းပါဝင်မှုရဲ့ ကဗ္ဗည်းသက် သေအဖြစ် ထားရှိကြဖို့အတွက်လည်း ဝန်ကြီးဌာနက တိုက်တွန်းထားတာတွေ့ရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။