အမျိုးသားညီညွတ်ရေးအစိုးရက ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ထုတ်ပြန်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရက ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ထုတ်ပြန်ကြေညာ
ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၂

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်များအတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုတွေနဲ့ ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင် အဖွဲ့ ဖွဲ့ စည်းလိုက်တဲ့အကြောင်း ဒီနေ့ရက်စွဲနဲ့ ယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေးက မိမိရဲ့တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူတယ်ဆိုတာနဲ့ အဲဒါကြောင့်ပဲ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်များအတွင်းက ရိုဟင်ဂျာတွေအပေါ် ထိုးနှက်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ စပ်လျဥ်းပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်မှာ ရင်ဆိုင်နေရတဲ့ အမှုက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူ တစ်ရပ်လုံးအတွက် အလွန်အရေးကြီး အလေးထားရမည့်ကိစ္စအဖြစ် ခံယူထားတယ်လို့ ယာယီသမ္မတဒူဝါလရှီးလကက ပြောပါတယ်။

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ရင်ဆိုင်နေရသော ယင်းအမှုနဲ့ စပ်လျဥ်းပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စား လှယ်အဖြစ်ခန့်အပ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကြေညာထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီအမှုကို ချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုး သား ညီညွတ်ရေးအစိုးရက ပဏာမ ကန့်ကွက်မှုတွေကို ရုပ်သိမ်းကြောင်း ဆုံးဖြတ်ချက်ကိုလည်း တရားရုံးကို အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါ တယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဥပဒေပညာရှင်အဖွဲ့မှာ နှစ်ဦးပါရှိမှာဖြစ်ပြီးတော့ ယင်းတို့က သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ လက်တွဲလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

ဥ့ပဒေပညာရှင်နှစ်ဦးကတော့ ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) နဲ့ Steven Powles QC တို့ပါ။

ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) က ဟိဂ် (Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဉပဒေတက္ကသိုလ်၊ (The Hague Academy of International Law) အထွေထွေအတွင်းရေးမှူးချုပ် Institute de droit International အဖွဲ့ဝင်၊ ပဲရစ်နောင်တဲတက္ကသိုလ် (University Paris Nanterre) ပါမောက္ခ၊ ပြင်သစ်လူ့အဖွဲ့အစည်း၏ နိုင်ငံတကာရေးရာ ဉပဒေဘုတ်အဖွဲ့ဝင် (Board Member of the French Society for International Law)၊ Annuaire Francais de Droit International စာစောင်၏ အယ်ဒီတာဘုတ်အဖွဲ့ဝင်၊ Paris Sygna Partners ဉပဒေအဖွဲ့၊ ပိုင်ရှင်အဖွဲ့ဝင်တို့ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှ စတင်ပြီး (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံး၊ အမြဲတမ်း အနုညာတ ခုံသမာဓိရုံး၊ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာခုံရုံး၊ ဉပဒေဆိုင်ရာ တရားရုံး (European Court of Justice) တွေမှာ ဉပဒေအကြံပေးနဲ့ ရှေ့နေအဖြစ်ရော၊ အတိုင်ပင် ခံရှေ့နေအဖြစ်ပါ ဆောင်ရွက်နေသူလို့ ဖော်ပြထားပါတယ်။

Steven Powles QC က နိုင်ငံတကာတရားရုံးတွေမှာ လူ့အခွင့်အရေး၊ မဟုတ်မမှန် အကျဉ်းချခံရတာနဲ့ စစ်ရာဇ၀တ်မှုတွေမှာ အထူးကျွမ်းကျင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး ဥရောပလူ့အခွင့်အရေး တရားရုံးနဲ့ အခြားသော နိုင်ငံတကာခုံရုံးတွေရှေ့မှာ ထင်ရှားခဲ့ပြီး နိုင်ငံတကာဥပဒေဆိုင်ရာ ထိပ်တန်းလက်တွေ့ကျမ်းတစ်စောင်ကို ရေးသားခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ ICJ အမှုကို ဥပဒေရေးရာအဖွဲ့နဲအတူ နီးကပ်စွာပူးပေါင်းဆောင်ရွက် မယ်လို့ ဆိုထားပါတယ်။

တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အထောက် အထားတွေကို ဆက်လက် ရှာဖွေစုဆောင်းပြီး တင်ပြမှာဖြစ်သလို International Criminal Court (ICC) ရဲ့စီရင်ပိုင်ခွင့်အာဏာကို ၂၀၀၂ ခုနှစ် နောက်ပိုင်း ကျူးလွန်သော Rome Statute မှာ အကျုံးဝင်တဲံ ရာဇ၀တ်မှု အားလုံးအတွက် အပ်နှင်းပေးထားပြီး မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ရည်မျှော်ပြီး လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို အလေးထားသူအားလုံးရဲ့ ပံ့ပိုးကူညီမှုအားလုံးကို ရယူကာလက်တွဲ ကြိုးပမ်းဆောင်ရွက်နေတယ် ဆိုပြီးတော့လည်း ယာယီသမ္မတက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.