အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေ၊ နိုင်ငံတကာရောက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဗိုလ်နဂါးတို့ တွေ့ဆုံပြီး စစ်မြေပြင် အခြေအနေ၊ ဒုက္ခ သည်ကူညီရေးတို့ ဆွေးနွေး
ဇန်နဝါရီ ၁၇ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ The Satellite for Myanmar Democracy ၊ နိုင်ငံတကာရောက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးတို့တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး မြေပြင်မှာ ကြုံတွေ့နေရတဲ့ စစ်မြေပြင် အခြေအနေနဲ့ ဒုက္ခသည် ကူညီရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လျှပ်စစ်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့ တက်ရောက်ခဲ့ကြ ပြီး ဝန်ကြီးဌာနကိုယ်စားပြုအနေနဲ့ ဒေါက်တာဝင်းမြတ်အေးက စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၅၀ ပံ့ပိုးပေးခဲ့ပါတယ်။
The Satellite for Myanmar Democracy နဲ့ နိုင်ငံတကာရောက် မိတ်ဘက်အဖွဲ့အစည်းတွေက စုပေါင်းပြီးတော့ ဗိုလ်နဂါးတို့ တပ်ဖွဲ့ အသုံးပြုဖို့ ကျပ်ငွေ ၅၈၅ သိန်းကို လှူဒါန်းပေးအပ်ခဲ့ပါတယ်။
တက်ရောက်လာသူအားလုံးကို ဗိုလ်နဂါးက မြေပြင်မှာကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရှင်း လင်းပြောကြားပေးခဲ့ပါတယ်။
တွေ့ဆုံပွဲကို ဇန်နဝါရီ ၁၅ နဲ့ ၁၆ ရက်တို့မှာ လုပ်ခဲ့တာဖြစ်ပြီးတော့ ဒုတိယမြောက်ရက်မှာ အရှင်ထာဝရ နော်ဝေ (SND)အဖွဲ့နဲ့ ပြည် ပရောက် Fundraiser အဖွဲ့တွေစုပေါင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ ဗိုလ်နဂါးတို့ တွေ့ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။