အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၁ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှု ပြုလုပ်နေတဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ယဉ်ကျေး မှု)က Non CDM ဝန်ထမ်း ဦးစီးအရာရှိနဲ့အထက် အရာရှိ ၂၁ ဦးကို ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းအမိန့်နဲ့ အမည်ပျက် စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးထုတ်ပယ်တာ၊ တရားစွဲတာ၊ ပြန်ဆပ်ရန်မလိုတော့တဲ့ ချေးငွေတွေကို အတင်းအဓမ္မပြန်လည်ပေးဆောင်းခိုင်းတာ အစ ရှိတဲ့ ဖိနှိပ်မှုအမျိုးမျိုးကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ယဉ်ကျေးမှု)က ဒုတိယညွှန်ကြားရေးမှူး ၉ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၉ ဦးနဲ့ ဦးစီးအရာရှိ ၃ ဦး စုစုပေါင်း ၂၁ ဦးတို့ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။