အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၀၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၀၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှု ပြုလုပ် နေတဲ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက Non CDM ဝန်ထမ်း အရာရှိ ၂၀၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းအမိန့်နဲ့ ရာထူးက ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးထုတ်ပယ်တာ၊ တရားစွဲတာ၊ ပြန်ဆပ်ရန်မလိုတော့တဲ့ ချေးငွေတွေကို အတင်းအဓမ္မပြန်လည်ပေးဆောင်းခိုင်းတာ၊ ပင်စင်ခံစားခွင့်မရတာ၊ လက်တလောကွယ်လွန်တဲ့အခါမှာလည်း နိုင်ငံဝန်ထမ်းတစ်ဦးအနေနဲ့ ခံစားခွင့်မရတာ အစ ရှိတဲ့ ဖိနှိပ်မှုအမျိုးမျိုးကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပယ်ခံရသူတွေက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် ၁ ဦး၊ ဒုအင်ဂျင်နီယာချုပ် ၁၀ ဦး၊ အင်ဂျင်နီ ယာမှူးကြီး ၁၆ ဦး၊ ဒုညွှန်ကြားရေးမှူး ၄ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၂၇ ဦး၊ ဦးစီးအရာရှိ ၁၀ စုစုပေါင်း ၆၈ ဦးကို ထုတ်ပယ် လိုက်တာပါ။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒါရိုက်တာအဖွဲ့ဝင် ၂ ဦး၊ အထွေထွေမန်နေဂျာ ၂ ဦး၊ ဒု/အထွေထွေမန်နေဂျာ ၁၀ ဦး၊ လ/ထ အထွေထွေမန်နေဂျာ ၅၆ ဦး၊ မန်နေဂျာ ၁၉ ဦး၊ လ/ထမန်နေဂျာ ၅ ဦးနဲ့ ဦးစီးအရာရှိ ၃ ဦး စုစုပေါင်း ၉၇ ဦးကို ထုတ်ပယ်လိုက်ပါတယ်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ထုတ်ပယ်ခံရတဲ့သူတွေကတော့ အမှုဆောင်အရာရှိချုပ် ၁ ဦး၊ အထွေထွေမန် နေဂျာ ၄ ဦး၊ ဒု/အထွေထွေမန်နေဂျာ ၅ ဦး၊ လ/ထအထွေထွေမန်နေဂျာ ၅ ဦး၊ မန်နေဂျာ ၁၂ ဦး၊ ဦးစီးအရာရှိ ၁ ဦးနဲ့ လ/ထ မန်နေ ဂျာ ၁၁ ဦးတို့ကို ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.