အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီနေ

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီနေ
ဇန်နဝါရီ ၉ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဆီကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်နဲ့ ကရင်နီပြည်တို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဆီကို စားနပ်ရိက္ခာ၊ ဆေး ဝါးနဲ့ ဒုက္ခသည်စခန်းတွေမှာ အသုံးလိုတဲ့ ပစ္စည်းတွေကို ထောက်ပံ့ကူညီမှုတွေပြုလုပ်နေတာပါ။

စစ်ဘေးဒဏ်သင့် ကလေးငယ်တွေအတွက် ကူညီလှူဒါန်းပေးတဲ့သူတွေနဲ့ သယ်ယူပို့ဆောင်ပေးတဲ့သူတွေအားလုံးကို အထူးကျေးဇူး တင်ပါကြောင်းလည်း အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြောထားပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၂ သောင်းကျော်လောက်အထိ ရှိထားခဲ့သလို ဇန်နဝါရီ ၇ ကစတင်ပြီးတော့ ကရင်နီပြည်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင် တစ်သောင်းနားအထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်စခန်းတွေအထိ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ထားသလို လွိုင်ကော်မြို့မှာဆိုရင်လည်း မြို့ ပေါ်အထိကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ထားတဲ့အတွက် ပြည်သူတွေက နယ်စပ်တွေကတဆင့် ထိုင်းနိုင်ငံဘက်ကို စစ် ဘေးရှောင်ရတဲ့အထိဖြစ်နေတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကနေပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုအထောက်အပံ့ တွေ ကူညီနိုင်ရေးအဖို့ အမြန်ဆုံးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.