အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်တွေကို နော်ဝေနိုင်ငံမှာ ဝယ်ယူနိုင်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်တွေကို နော်ဝေနိုင်ငံမှာ ဝယ်ယူနိုင်ပြီ
ဇန်နဝါရီ ၉ ၊ ၂၀၂၂

တော်လှန်ရေးကာလမှာ အသုံးပြုနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ကို ပြည်တွင်းရော ပြည်ပမှာပါ ရောင်းချလျက်ရှိရာ အခုလည်း နော်ဝေနိုင်ငံမှာ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နော်ဝေနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ် (NUG Bond) တွေကို ဝယ်ယူမယ့် သူတွေအနေနဲ့ [email protected] ဆီကို ‘Bond ဝယ်ရန်’ ဟု ခေါင်းစဉ်တပ်ပြီး စာရေးဆက်သွယ်နိုင်ပါတယ်။

ငွေတိုက်စာချုပ်တွေကို နော်ဝေနိုင်ငံရဲ့ စည်းမျဉ်းဥပဒေဘောင်အတွင်းမှာပဲ ရောင်းချပေးသွားမှာဖြစ်တယ်လို့ CRPH / NUG Support Group, Norway ကထုတ်ပြန်ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်တွေကို ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ အရောင်းကိုယ်စားတွေ ထားရှိပြီးလုပ်ဆောင်နေတာပါ။
ငွေတိုက်စာချုပ်ရဲ့ သက်တမ်းက ၂ နှစ်သက်တမ်းဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ သက်တမ်းမရောက်ခင်တော့ တဆင့်ပြန်လွှဲပြီးရောင်းချတာတွေ လုပ်လို့မရပါဘူး။ သက်တမ်းစေ့တဲ့အခါကျရင် ဝယ်ယူစဉ်က အသုံးပြုခဲ့တဲ့ အမည်နဲ့ သက် သေခံကတ်ပြားအမှတ်တို့ကို မှန်ကန်ကိုက်ညီတဲ့ အထောက်အထားတွေပြပြီး ပြန်လည်ထုတ်ယူခွင့်ရှိပါတယ်။

ငွေတိုက်စာချုပ် ဝယ်ယူစုဆောင်ထားတဲ့သူတွေက သက်မှတ်ထားတဲ့ သက် တမ်း ၂ နှစ်အတွင်း ပြည့်သွားရင်တော့ ဝယ်ယူထားတဲ့အတိုင်း ပြန်လည်ထုတ်ယူခွင့်ရမှာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို USDT Stablecoin နဲ့ဝယ်ယူနိုင်ပြီဖြစ်သလို၊ နိုင်ငံတကာရှိငွေတိုက်စာချုပ်ကိုယ်စားလှယ်များထံကနေတဆင့် ငွေပေးချေပြီးတော့လည်း ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်တွင်းကနေ ဝယ်ယူမယ့်သူတွေကို ကေအိုင်အို (KIO) ရဲ့ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေး နဲ့ ဘဏ်စနစ်တွေအတိုင်း KPICT (Kachin Political Interim Coordination Team) နဲ့ ပူးပေါင်းပြီးလက်ခံ ဆောင်ရွက်နေ တာပါပြီ။

ဝယ်ယူရမယ့် နည်းလမ်းများကို https://padangsut.org Website မှာလည်း ဖော်ပြပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.