အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၈၁ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
ဒီဇင်ဘာ ၂၈၊ ၂၀၂၁
အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှု ပြုလုပ် နေတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက်က Non CDM ဝန်ထမ်းအရာရှိ ၈၁ ဦးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း အမိန့်နဲ့ အမည်ပျက်စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်လိုက်တယ်လို့ထုတ်ပြန်လိုက်ပါတယ်။
အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးထုတ်ပယ်တာ၊ တရားစွဲတာ၊ ပြန်ဆပ်ရန်မလိုတော့တဲ့ ချေးငွေတွေကို အတင်းအဓမ္မပြန်လည်ပေးဆောင်းခိုင်းတာ အစ ရှိတဲ့ ဖိနှိပ်မှုအမျိုးမျိုးကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ၁ ဦးနဲ့ ဒုညွှန်ကြားရေးမှူး ၂ ဦး၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ အင်ဂျင်နီယာချုပ် ၁ ဦး၊ စစ်ဆေးရေးအရာရှိချုပ် ၁ ဦး၊ ဒုစစ်ဆေးရေး အရာရှိချုပ် ၁ ဦး၊ ညွှန်ကြားရေးမှူး ၇ ဦး၊ ဒုညွှန်ကြားရေးမှူး ၁၇ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၂၆ ဦးနဲ့ ဦးစီအရာရှိ ၆ ဦးတို့ ဖြစ်ပါတယ်။
ဒါအပြင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ၄ ဦး၊ အထွေထွေမန်နေဂျာ ၁ ဦး၊ ဒုညွှန်ကြားရေးမှူး ၄ ဦး၊ ဒုအထွေထွေမန်နေဂျာ ၄ ဦး၊ မန်နေဂျာ ၁ ဦး၊ အင်ဂျင်နီယာမှူး ၂ ဦး၊ လက်ထောက်အင်ဂျင်နီယာ ၃ ဦးတို့ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews